ဆင်ဘိုမြို့၏ အရှေ့တောင်ဘက်တွင် အင်အား ၄ ဒသမ ၂ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
January 18, 2021
ကချင်ပြည်နယ် ဆင်ဘိုမြို့ရဲ့ အရှေ့တောင်ဘက်မှာ မနေ့ညက အင်အား ၄ ဒသမ ၂ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန်ည ၈ နာရီ၊ ၁၂ မိနစ်၊ ၅၀ စက္ကန့် အချိန်မှာ ဆင်ဘိုမြို့ရဲ့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၄.၆၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၁၂ ဒီဂရီ၊ အနက် ၅ ကီလိုမီတာကိုဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့ရဲ့ အရှေ့မြောက်ဘက်မှာ မနေ့ မွန်းလွဲပိုင်းကလည်း အင်အား ၄ ဒသမ ၃ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။