တောင်တွင်းကြီးတွင် ကလေးများ ဆော့ကစားရာမှ နေအိမ်မီးလောင်
DVB
·
January 3, 2021
တောင်တွင်းကြီးမြို့နယ် ကင်ပွန်းတောင်အုပ်စု၊ သပြေပင်ကျေးရွာမှာ ဇန်နဝါရီ ၂ ရက်နေ့ ညနေ ၃ နာရီလောက် ကလေးတွေ မီးဆော့ကစားရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးမှုူးရုံးက သိရပါတယ်။
ဖြစ်စဉ်မှာ သပြေပင်ကျေးရွာ မနွယ်နွယ်ရဲ့နေအိမ်နဲ့ ကပ်လျက် နွားစာထားရာ အဖီအမိုးအနီးမှာ ကလေးတွေ မီးဆော့ကစားရာမှ မီးကူးစက်လောင်ကျွမ်းခဲ့တာပါ။
မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ လေးပင်အိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လူနဲ့တိရစ္ဆာန် ထိခိုက် သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။
တောင်တွင်းကြီးနဲ့ ညောင်ပင်သာနယ်မြေ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရွာခံတွေ စုပေါင်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃:၂၅ အချိန်လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေ ၂၂၀,၅၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။
မနွယ်နွယ်အား တောင်တွင်းကြီးမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။
သတင်း - သားကြီး (တောင်တွင်းကြီး)