Homeမြန်မာသတင်း
ညမထွက်ရအမိန့်ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ်ချခံရသူကို အင်းစိန်ထောင်ပို့ စစ်ဆေးရာ၌ ရောဂါ ပိုးတွေ့
ညမထွက်ရအမိန့်ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ်ချခံရသူကို အင်းစိန်ထောင်ပို့ စစ်ဆေးရာ၌ ရောဂါ ပိုးတွေ့
ညီငယ်
·
December 24, 2020
ပြစ်ဒဏ်ကျခံရမယ့် အကျဥ်းသားသစ်တွေကို အင်းစိန်ထောင်မကြီးထဲမပို့ခင် Test Kit နဲ့ စစ်ဆေးရာမှာ အကျဥ်းသား ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းအကျဥ်းဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ဒီဗွီဘီကိုပြောပါတယ်။
ပိုးတွေ့အကျဉ်သားကို ဒီဇင်ဘာ ၂၃ ရက်နေ့က စဖွင့်ခဲ့တဲ့ အင်းစိန်ဗဟိုအကျဥ်းထောင်ပရဝဏ်ထဲက ကိုဗစ်လူနာကုသရေးဆောင်မှာ ဆေးကုသမှုပေးနေတယ်လို့ ဆိုပါတယ်။
ညမထွက်ရအမိန့်ဖောက်ဖျက်လို့ ရွှေပြည်သာမြို့နယ်ကနေ အချုပ်နဲ့ တရားရင်ဆိုင်ရင်း ထောင်ဒဏ် ၁ လ ကျခံခဲ့ရတဲ့ ပိုးတွေ အမျိုးသားအပါအဝင် အင်းစိန်အကျဥ်းထောင်ကို ရောက်ရှိလာတဲ့သူ အယောက် ၁၀၀ ကျော်ကို ဒီဇင်ဘာ ၂၃ ရက်နေ့မှာ အကျဥ်းဦးစီး ဆရာဝန်တွေက စစ်ဆေးရာမှာ အဲဒီ့အမျိုးသားမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အကုန်စစ်လိုက်တော့ တွေ့တဲ့သူပဲ ပေါ့တစ်ဆောင်ကိုပို့လိုက်တာဖြစ်ပြီး ကျန်တဲ့ ပိုးမတွေ့တဲ့သူတွေကိုတော့ ကွာရန်တင်းဆောင်မှာ သီးသန့်ထားမယ်လို့ ဦးဇော်ဇော်က ပြောပါတယ်။
အင်းစိန်အကျဥ်းထောင်မှာ ဒီဇင်ဘာ ၂၃ ရက်နေ့ ကိုဗစ်ကုသရေးစင်တာ ဖွင့်တဲ့နေ့မှာ ရောဂါကူးစက်ခံရသူ စတွေ့ခဲ့တာဖြစ်ပြီး ကိုဗစ်စင်တာမဖွင့်ခင်က အချုပ်သားသစ် ၃ ယောက်မှာ ရောဂါပိုးတွေ့ရှိခဲ့ဖူးပြီး သူတို့ကို အင်းစိန်ဆေးရုံမှာပဲ ဆေးကုသပေခဲ့တယ်လို့ ဆိုပါတယ်။