လူရွှင်တော် ဧရာ ကိုဗစ်-၁၉ ရောဂါကြောင့် ကွယ်လွန်
DVB
·
December 19, 2020
ကိုဗစ် ကူးစက်ခံခဲ့ရတဲ့ လူရွှင်တော် ဧရာဟာ ဆေးရုံမှာ ကုသခံနေရင်း ဒီမနက်က ကွယ်လွန်သွားပါတယ်။
နိုဝင်ဘာ ၂၉ ရက်ကပဲ ဆေးရုံတင်ခဲ့ရပြီး ၃၀ ရက်မှာ ပိုးတွေ့တယ်လို့ အဖြေထွက်ပြီးနောက် ရန်ကုန်ဆေးရုံကြီးမှာပဲ ကုသခံနေခဲ့ရတာပါ။
သူ့ရဲ့ခယ်မဖြစ်သူ မနီလာက “ဒီမနက် ၃ နာရီ ၅ မိနစ်မှာ ဆေးရုံက ဖုန်းဆက်လာတယ်။ အသည်းအသန်ပေါ့။ မိသားစုတွေ မြင်ချင်ရင် အမြန်လာပါလို့ ပြောတယ်။ သူတို့ လက်လွှတ်ရတော့မယ့် အခြေအနေလို့ ပြောတယ်။ သွားနေရင်းနဲ့ ၃ နာရီခွဲလောက်မှာ ဆုံးပြီ ဆိုတာ သိလိုက်ရတယ်” လို့ ပြောပါတယ်။
ဆေးရုံတက်ခါစမှာ သူ့အမျိုးသမီးက လိုက်ပြီး ပြုစုခဲ့ပေမယ့် ICU ထဲ ပို့ရမယ့် အခြေအနေ ဖြစ်လာတာတဲ့အခါ အမျိုးသမီးက ပြန်လာခဲ့ရတယ်လို့ ဆိုပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၆၁ နှစ်ရှိပြီး သူ့ကို အခုနေ့လယ် ၁၂ နာရီအချိန် ထိန်ပင်သုသာန်မှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။
Photo : လူရွှင်တော် ဧရာ