Home
မြန်မာသတင်း
ဒေးဒရဲမြို့က ကျောင်းဆရာအမှု ၅၉ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး
DVB
·
December 11, 2020
130030543_1010591412758535_6820297768676722056_o
ကျောင်းမြေ လန ၃၉ လိမ်လည်လျှောက်ထားတယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ဧရာ၀တီတိုင်း၊ ဒေးဒရဲမြို့နယ်၊ လေးကျေးရွာက ကျောင်းဆရာအမှုကို ဒီဇင်ဘာ ၁၀ ရက်နေ့က အကြိမ် ၅၉ ကြိမ်မြောက်ရုံးချိန်းအဖြစ် စွပ်စွဲခံရသူ ကျောင်းဆရာကို ပြန်လည်စစ်ဆေးမေးမြန်း ခဲ့ပါတယ်။ အမှုနဲ့ ပတ်သက်ပြီး အကြိမ် ၅၉ ကြိမ်မြောက် ရုံးချိန်းမှာ ပြန်လည်စစ်မေးခြင်းခံခဲ့ရတဲ့ ကျောင်းဆရာကတော့ အမှုနဲ့ ပတ်သက်ပြီး ၂ နှစ်ကျော်ကြာမြင့်လာပြီဖြစ်လို့  မှန်မှန်နဲ့ မြန်မြန် ပြီးစေချင်ပြီလို့ ပြောပါတယ်။ "ဒီနေ့ဆို ၅၉ ကြိမ်မြောက် ရုံးချိန်းပါ၊ အချိန်ကာလအားဖြင့် ၂ နှစ်ကျော်ကြာမြင့်နေပါပြီ၊ ၀န်ထမ်း တစ်ယောက်အနေနဲ့ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ဆုံးဖြတ်ပြီး အမှုကို ပြီးစေချင်ပြီ"လို့ ပြောပါတယ်။ လာမယ့် ၆၀ ကြိမ်မြောက်ရုံးချိန်ကို ဒီဇင်ဘာ ၂၄ ရက် ပြန်လည်ချိန်းထားပြီး တရားလို ဘက်က လက်မှတ်တွေပြန်လည်တင်သွင်းထားလို့ စွပ်စွဲခံရသူ ကျောင်းဆရာကို ထပ်မံ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ အမှုကို ၂၀၁၈ ခုနှစ်၊ ဩဂုတ် ၂ ရက်နေ့က ပုဒ်မ ၄၀၂၊ ၄၆၈ စတဲ့ ပုဒ်မတွေနဲ့ လေးကျေးရွာ ကျောင်းဆရာနဲ့ ကျောင်းအကျိုးတော်ဆောင်တို့ကို စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ၄၆ ကြိမ် မြောက်ရုံးချိန်းဖြစ်တဲ့ ၂၀၂၀ ဇွန်လ ၁၈ ရက်နေ့မှာ ဒေးဒရဲမြို့နယ်တရားရုံးက စွဲချက်တင်ဖို့  အမိန့်ချမှတ်ခဲ့တာပါ။ လေးကျေးရွာ ကျောင်းဆရာနဲ့ အကျိုးတော်ဆောင်ကော်မတီ၀င် တရားစွဲခံရတာနဲ့ ပတ်သက်ပြီး မတရား တရားစွဲဆိုခံရတာလို့ဆိုပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့က ပညာရေး၀န်ထမ်းတွေ၊ ဒေသခံပြည်သူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဒေးဒရဲမြို့ရဲ့ လူစည်ကားတဲ့ နေရာတွေမှာ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024