ကိုဗစ်-၁၉ လူနာသစ် ၁,၂၇၆ ဦးတွင် မဟာအောင်မြေမြို့နယ်က ၁၀၃ ဦးဖြင့် အများဆုံးဖြစ်
DVB
·
December 8, 2020
ဒီဇင်ဘာ ၇ ရက် မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၂၇၆ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၆၂၃ ယောက်၊ မန္တလေးတိုင်းက ၃၅၃ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီခွဲ ထုတ်ပြန်ချက်အရ သိရ ပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ လှိုင်သာယာမြို့နယ်က ၆၄ ယောက်၊ ဒဂုံမြို့သစ်( တောင်ပိုင်း)မြို့နယ်က ၅၁ယောက်၊ မင်္ဂလာဒုံမြို့နယ်က၄၆ ယောက် ၊ မြောက်ဥက္ကလာပမြို့နယ်က ၄၂ ယောက်နဲ့ အများဆုံး တွေ့ရှိ ခဲ့ပြီး စုစုပေါင်း မြို့နယ် ၄၁ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်း မြို့နယ် ၁၉ ခုမှာ ၃၅၃ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၈ ခုမှာ ၄၉ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၈ ခုမှာ အ ယောက် ၃၀၊ ပဲခူးတိုင်းမြို့နယ် ၁၃ ခုမှာ ၇၃ ယောက်၊ စစ်ကိုင်းတိုင်းမြို့ နယ် ၇ ခုမှာ ၂၃ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၇ ခုမှာ ၅၂ ယောက်၊ မကွေးတိုင်းမြို့နယ် ၉ ခုမှာ ၂၃ ယောက်၊ ရှမ်းပြည်နယ် မြို့နယ် ၉ ခုမှာ ၁၈ ယောက်၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ၁၁ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၃ ခုမှာ ၆ ယောက်၊ ချင်းပြည်နယ် မြို့နယ် ၂ ခုမှာ ၆ ယောက်၊ နေပြည်တော် မြို့နယ် ၃ ခုမှာ ၅ ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၃ ခုမှာ ၄ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၄၇၀ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၀၀,၄၃၁ ယောက်၊ သေဆုံးသူ ၂,၁၃၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၉,၂၄၀ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၈ သန်း ကျော်၊ သေဆုံးသူ ၁ သန်းခွဲကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၇ သန်းကျော် ရှိ နေပြီ ဖြစ်ပါတယ်။