Home
သတင်းဓာတ်ပုံ
ကိုဗစ်ကာလ အောင်မြေသာဇံမြို့နယ်ရှိ ဒိုဘီကန် အလုပ်သမားများအခက်ကြုံ (ဓာတ်ပုံ)
DVB
·
December 7, 2020
IMG_1130
IMG_1091
IMG_1049
IMG_1023
IMG_1006
IMG_0993
IMG_0958
IMG_0920
IMG_0885
IMG_0871
IMG_0863
IMG_0862
IMG_0857
IMG_0850
အောင်မြေသာဇံ မြို့နယ်ရှိ ဒိုဘီကန်ဟာ မန္တလေးမြို့အတွင်းရှိ တည်းခိုခန်း၊ ဟိုတယ်တွေနဲ့ နေအိမ်တွေက အဝတ်တွေကို လျှော်ဖွပ်သန့်စင်ပေးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အဲဒီ ဒိုဘီကန် လျှော်ဖွပ်တဲ့ လုပ်ငန်းဟာ ၁၉၅၈ ခု ဘိုးဘွား လက်ထက်ကတည်းက စတင် လုပ်ကိုင်တဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်။ ဒိုဘီလုပ်ငန်းဟာ ဟိုတယ်၊ တည်းခိုခန်းတွေက အထည်တွေကို အဓိက လျှော်ဖွပ်နေတဲ့ လုပ်ငန်း ဖြစ်ပြီး ကိုဗစ်-၁၉ ကာလ တည်ခိုခန်းတွေ ပိတ်ထားတဲ့အတွက် အဆင်မပြေမှုတွေ ကြုံတွေ့နေရတာလို့ ဒိုဘီလုပ်ငန်းကို ငယ်စဉ်ကတည်းက လုပ်ကိုင်နေသူ ဒေါ်တီတီအောင်က ပြောပါသည်။ အရင်က ပုံမှန် အယောက် ၄၀ လောက် လာရောက် လုပ်ကိုင်ပေမဲ့ အခုအချိန်မှာ လာရောက် လျှော်ဖွပ်သူ မရှိသလောက် နည်းပါးနေပါတယ်။ အခုလို နည်းပါးနေတဲ့အတွက် နှစ်စဉ်ပေးသွင်းနေကျ အခွန်ဆောင်ရာမှာ အခက်အခဲတွေ ရှိနေပြီး ကိုဗစ်-၁၉ ကာလ အခွန်ကင်းလွတ်ခွင့် ပေးပါဖို့ နိုင်ငံတော်ကို မေတ္တာရပ်ခံထားတယ်လို့  ဒိုဘီကန် တာဝန်ရှိသူ ဦးအောင်စိန်က ပြောပါတယ်။ Photo-Kaung Zaw Hein/MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024