Homeမြန်မာသတင်း
ရန်ကုန်နှင့် စစ်တွေတွင် တာဝန်ထမ်းဆောင်ပြီး ရွှေဘိုမြို့ပြန်လာသည့် သူနာပြုများကို ကြိုဆို
ရန်ကုန်နှင့် စစ်တွေတွင် တာဝန်ထမ်းဆောင်ပြီး ရွှေဘိုမြို့ပြန်လာသည့် သူနာပြုများကို ကြိုဆို
DVB
·
December 6, 2020
ရန်ကုန်နဲ့ စစ်တွေမှာ စေတနာ့ဝန်ထမ်း အဖြစ် ၁ လကျော်သွားရောက်တာဝန် ထမ်းဆောင်ခဲ့ပြီး ပြန်လာတဲ့ ရွှေဘိုမြို့က အထက်တန်းသူနာပြု ဆရာ၊ ဆရာမတွေကို ဒေသခံတွေက ကြိုဆိုခဲ့ကြပါတယ်။
ဆရာ၊ ဆရာမတွေဟာ ဒီဇင်ဘာ ၅ ရက်နေ့ ညက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ကို ပြန်လည်ရောက်ရှိလာကြတာလို့ ရွှေဘိုခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင်က ပြောပါတယ်။
ကိုဗစ်-၁၉ ကုသရေးစင်တာတွေမှာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ သူနာပြု ဆရာ၊ ဆရာမ ၃ ဦးကို ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတ အသင်းအဖွဲ့၊ မြို့မိ မြို့ဖတွေက ရွှေဘိုမုခ်ပေါက်မှာ လာရောက်ကြိုဆိုခဲ့ကြတယ်လို့ ရွှေဘိုမြို့နယ် ကိုဗစ်ကာကွယ် ထိန်းချုပ်ကုသရေးအဖွဲ့ တာဝန်ရှိသူ ဦးတင်ဝင်းက ပြောပါတယ်။
တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ဆရာ ဆရာမတွေကို ပြည်ရွှေသိဃ် Hotel မှာ ကွာရန်တင်းထားရှိမယ်လို့ ဆိုပါတယ်။