ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ နောက်ဆုံး အစည်းအဝေး ကျင်းပ
DVB
·
December 1, 2020
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရဲ့ ၂၁ ကြိမ်မြောက်ပုံမှန် အစည်းအဝေးကို ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ကျင်းပနေပါတယ်။
ဒီအစည်းအဝေးဟာ (၂၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့) ဖြစ်ပြီး အခုလက်ရှိ လွှတ်တော်သက်တမ်းအတွင်း နောက်ဆုံးအကြိမ်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးလည်း ဖြစ်ပါတယ်။
ဒီကနေ့မှာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးချုပ်ရဲ့ အမည်စာရင်းနဲ့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးရဲ့ အမည်စာရင်းကို တင်သွင်း ကြေညာခဲ့ပါတယ်။
မန္တလေးတိုင်းတရားသူကြီးချုပ်အဖြစ် ဦးကြည်သိန်း(ခ)ဦကြည်သိန်းအောင်နဲ့ တိုင်းတရားသူကြီးအဖြစ် ဒေါ်ကြည်ကြည်သိန်းတို့ ကို အမည်စာရင်းတင်သွင်းခဲ့ကြတာဖြစ်ပါတယ်။
အမည်စာရင်းတင်သွင်းထားတဲ့အပေါ် ဒီဇင်ဘာ ၂ ရက်နေ့ ကျင်းပမယ့် လွှတ်တော်မှာ ကန့်ကွက်နိုင်ကြောင်းနဲ့ ကန့်ကွက်သူမရှိပါက ဆက်လက် အတည်ပြု ခန့်အပ်မှာ ဖြစ်ပါတယ်။
သတင်း - ထိန်ထိန်လင်း