အုတ်ဖိုမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ၆ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၉ ဦး တွေ့ရှိ
DVB
·
November 30, 2020
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင် ၆ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၉ ဦး ထပ်မံတွေ့ရှိတယ်လို့ အုတ်ဖိုကျန်းမာရေးဦးစီးဌာနက နိုဝင်ဘာ ၂၉ ရက်နေ့ ညနေ ထုတ်ပြန်ချက်အရ သိရပါတယ်။
RDT Test Kit နဲ့ ၅၆ ဦးစစ်ဆေးရာ ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ ရန်ကုန်ပြန် ၃ ဦးတို့မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာလို့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။
အုတ်ဖိုမြို့နယ် အေးမြသာယာနယ်မြေရဲစခန်းက အချုပ်သား ၃ ဦးပိုးတွေ့ခဲ့တာကြောင့် စခန်းရှိ ရဲတပ်ဖွဲ့ဝင်အားလုံးကို RDT Test kit နဲ့ စစ်ဆေးရာ ၆ ဦးမှာ ရောဂါပိုးထပ်မံတွေ့ရှိခဲ့တာလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးအေးမင်းထွန်းက ပြောပါတယ်။
အုတ်ဖိုမြို့နယ်မှာ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ အတည်ပြုလူနာ ၁၁၅ ဦးထိရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၈၃ ဦး၊ ဆေးကုသပေးနေသူ ၃၂ ဦး ရှိတယ်လို့ သိရပါတယ်။
သတင်း - သက်နိုင်ဝင်း