မွန်တွင် ပြည်သူများ ကိုဗစ်စည်းကမ်းမလိုက်နာပါက ထိန်းမနိုင်အခြေအနေရောက်နိုင်ဟု သတိပေး
DVB
·
November 22, 2020
မွန်ပြည်နယ်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိမှု ဆက်တိုက်မြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ စည်းကမ်းမလိုက်နာပါက ထိန်းမနိုင်တဲ့ အခြေအနေအထိ ရောက်သွားနိုင်တယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။။
မွန်ပြည်နယ်မှာတော့ အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၁၁၁၈ ဦးအထိ ရှိလာခဲ့ပါတယ်။ ရောဂါပိုးတွေ့ရှိမှုအရ သထုံမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်ဟာ နိုဝင်ဘာ ဒုတိယအပတ်ကစပြီး ရောဂါပိုး တွေ့ရှိမှု ဆက်တိုက်မြင့်တက်ခဲ့တာပါ။
အခုလို အခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ်စည်းကမ်းမလိုက်နာရင် ထိန်းမနိုင်တဲ့ အခြေအနေအထိ ရောက်သွားနိုင်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။
ကိုဗစ်ရောဂါပိုး တွေ့ရှိမှုအရ သထုံမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၃၀၀ ကျော်ထိ တွေ့ရှိထားတာပါ။ ရောဂါပိုး ဆက်တိုက်တွေ့ရှိနေမှုကို ပြည်သူတွေအနေနဲ့ စိုးရိမ်တာပဲရှိပြီး စည်းကမ်းလိုက်နာမှု မရှိဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ရောဂါပိုး တွေ့ရှိမှုအရ သထုံမြို့နယ် တခုတည်းမှာပင် ကိုဗစ်အတည်ပြုလူနာ ၂၀၀ နီးပါး ရှိလာခဲ့တာပါ။ လက်ရှိမှာတော့ သထုံမြို့နယ်က ကွာရန်တင်း စင်တာတွေမှာ စောင့်ကြည့်လူနာတွေ ပြည့်နေပြီလို့ သထုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောပါတယ်။
အခုလို အခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ လိုအပ်နေတာပါ။
မွန်ပြည်နယ်မှာတော့ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၁၁၁၈ ဦးထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ ၁၀ ဦးသေဆုံးထားပါတယ်။
ဇော်လွင်ထွဋ်