Homeမြန်မာသတင်း
ကိုဗစ်ချေးငွေအဖြစ် ကျပ်ငွေ ၂၂ ဘီလီယံကျော် ထပ်မံထုတ်ပေး၊ ရေထွက်ကုန်လုပ်ငန်း အများဆုံးပါဝင်
ကိုဗစ်ချေးငွေအဖြစ် ကျပ်ငွေ ၂၂ ဘီလီယံကျော် ထပ်မံထုတ်ပေး၊ ရေထွက်ကုန်လုပ်ငန်း အများဆုံးပါဝင်
DVB
·
November 19, 2020
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး သက်ရောက်မှုတွေ အပေါ် ကုစားရေးလုပ်ငန်း ကော်မတီအနေနဲ့ ဒုတိယအကြိမ် ကိုဗစ်ချေးငွေကနေ တတိယအသုတ်အဖြစ် လုပ်ငန်ပေါင်း ၆၉၈ ခုကို ငွေကျပ် ၂၂ ဒသမ ၇၆၈၅ ဘီလီယံ ချေးငွေ ထုတ်ယူခွင့်ပြုလိုက်ပါတယ်။
အခုတတိယအသုတ် ထုတ်ပေးတဲ့ လုပ်ငန်းတွေထဲမှာ တိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးက ရေထွက်ကုန်လုပ်ငန်းတွေအများဆုံးပါဝင်ပြီး လယ်ယာထွက်ကုန်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းတွေနဲ့ တခြားလုပ်ငန်းတွေလည်း ပါဝင်တာ တွေ့ရပါတယ်။
ဒုတိယ အကြိမ်ချေးငွေအစီအစဉ်မှာ ရေလုပ်ငန်း၊ မွေးမြူရေး၊ စိုက်ပျိုးရေးနဲ့ စားသောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေက ချေးငွေအများဆုံးလျှောက်ထားခဲ့ပြီး လုပ်ငန်းပေါင်း ၁၀,၀၀၀ ကျော် လျှောက်ထားတဲ့အနက်က ဒီလုပ်ငန်းတွေကို ခွင့်ပြုပေးတာဖြစ်ပါတယ်။
ကော်မတီအနေနဲ့ဒုတိယအကြိမ် ကိုဗစ် ချေးငွေ ပထမအသုတ်မှာ လုပ်ငန်းပေါင်း ၁၀၄၁ ခုကို ခွင့်ပြုငွေ ပမာဏကျပ် ၂၀ ဒသမ ၇၇၇၅ ဘီလီယံ ၊ ဒုတိယအသုတ်မှာ လုပ်ငန်းပေါင်း ၁၂၀၀ ခုကို ခွင့်ပြုငွေ ပမာဏ ကျပ် ၂၁ ဒသမ ၁၂၂ ဘီလီယံ ချေးငွေ ထုတ်ယူခွင့်ပြုထားပါတယ်။
ဒီ ချေးငွေထုတ်ယူခွင့် ရရှိသူတွေက ဘဏ်လုပ်ထုံး လုပ်နည်းတွေနဲ့ အညီ စိစစ်ချေးငွေထုတ်ပေးရာမှာ ဘဏ်တစ်ခုခုက တရားစွဲဆိုခံထားရတဲ့ လုပ်ငန်းမဖြစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
သတင်း-စိုးချစ်ချစ်ပိုင်
ဓာတ်ပုံ-ဇော်လွင်ထွဋ်