ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်း
DVB
·
November 14, 2020
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ယာန်ကျေးရွာက စစ်ရှောင်ပြည်သူတွေ လုံခြုံစွာ နေရပ်ပြန်နိုင်ဖို့အတွက် မိုင်းရှင်းလင်းတာတွေကို နိုဝင်ဘာ ၁၃ ရက်နေ့ကနေ စတင်ဆောင်ရွက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပူတာအိုဘက်မှာ လက်တွေ့အိမ်ဆောက်ပေးနေပြီဖြစ်ကာ ဝိုင်းမော်၊ ဒဘတ်ယာန်ကျေးရွာမှာက မိုင်းရှင်းလင်းခြင်း လုပ်ဆောင်ဖို့ လိုအပ်တဲ့အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မိုင်းရှင်းလင်းရေးအဖွဲ့တွေနဲ့ စတင်လုပ်ဆောင်နေတာလို့ ကချင်စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ KHCC အဖွဲ့က ဆရာခါးလီက ပြောပါတယ်။
အိမ်ခြေ ၆ ခုကို စတင်ရှင်းလင်းနိုင်ခဲ့ပြီး မိုင်းရှင်းလင်းပြီးပါက လူနေ အိမ်ဆောက်လုပ်ရေးကို ဖေဖော်ဝါရီအကုန်မှာ အပြီးသတ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
စစ်ရှောင်ဒေသခံ ပြည်သူအိမ်ခြေ ၂၀၀ ကျော်ကတော့ ဧပြီလလောက်မှာ နေရပ်ပြန်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်က စတင်ကာ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ရေး စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့က ဝိုင်းမော်မြို့နယ် ဒဘတ်ယာန်ကျေးရွာမှာ မြေယာပိုင်ဆိုင်မှုတွေကို သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ စိစစ်တဲ့အပိုင်းတွေကို စတင်လုပ်ဆောင်နိုင်ခဲ့ပြီလို့ သိရပါတယ်။
သတင်း - ဇုန်းကျန်း