Homeမြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၂ သန်းကျော်ရှိလာ၊ ၁၀ နိုင်ငံတွင် သန်းချီကူးစက်ခံထားရ
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၂ သန်းကျော်ရှိလာ၊ ၁၀ နိုင်ငံတွင် သန်းချီကူးစက်ခံထားရ
DVB
·
November 12, 2020
တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၅၂ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပြီး သန်းနဲ့ချီ ကူးစက်ခံထားရတဲ့ နိုင်ငံအရေအတွက်ဟာ လည်း ၁၀ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၁၀ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၂၄၆,၉၇၄ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၈ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၁၂၈,၁၆၄ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၅ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၁၆၃,၀၇၈ ယောက်စီနဲ့ ထိပ်ဆုံးမှာ အသီးသီး ရပ်တည် နေပါတယ်။
အဲဒီ ၃ နိုင်ငံနောက်မှာတော့ ပြင်သစ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ ဒသမ ၈ သန်းကျော်နဲ့ သေဆုံးသူ ၄၂,၅၃၅ ယောက်၊ ရုရှားနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၈ သန်းကျော်နဲ့ သေဆုံးသူ ၃၁,၅၉၃ ယောက်၊ စပိန်နိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၄ သန်းကျော်နဲ့ သေဆုံးသူ ၄၀,၁၀၅ ယောက်၊ အာဂျင်တီးနားနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၃၄,၁၈၃ ယောက်၊ ယူကေနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၅၀,၃၆၅ ယောက်၊ ကိုလံဘီယာနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၃၃,၁၄၈ ယောက်စီနဲ့ ရပ်တည်နေပါတယ်။
လတ်တလောမှာတော့ အီတလီနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအ တွက် ၁ သန်းကျော် ရှိလာခဲ့ပြီဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။
ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၆,၂၈၄ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်းအ တွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၅၉ နေရာထိ ကျဆင်းသွား ခဲ့ပါတယ်။
အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ အီရတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကူးစက်ခံရသူဦးရေ ၇၁၅,၀၆၈ ယောက်၊ ၅၀၈,၅၀၈ ယောက်၊ ၄၄၈,၁၁၈ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၂၅,၃၅၃ ယောက်နဲ့ သေဆုံးသူ ၆,၁၂၇ ယောက် ရှိနေတာ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၀၁,၄၁၆ ယောက်နဲ့ သေဆုံးသူ ၇,၇၁၀ ယောက်နဲ့ ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။
လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ နိုဝင်ဘာ ၁၁ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၆၄,၄၅၃ ယောက်၊ သေဆုံးသူ ၁,၄၈၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၄၈,၅၃၂ ယောက် ရှိနေပြီး အာဆီယံ နိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။
စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၀၉၁ ယောက်နဲ့ သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၄၂,၈၇၂ ယောက်နဲ့ သေဆုံးသူ ၃၀၂ ယောက် ရှိပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၃,၈၄၇ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၆၀ ယောက် ရှိနေပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၂၅၂ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၄၈ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။
ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၀၁ ယောက်နဲ့ ၂၄ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။
တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ ပြီး သေဆုံးသူအရေအတွက် ၁ ဒသမ ၂ သန်းကျော်လာခဲ့ပြီဖြစ်ပြီး ရောဂါပြန်လည် ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၃၆ ဒသမ ၆ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါ တယ်။