မရမ်းကုန်းမြို့နယ် မဲရုံများ၌ မဲပေးမှု မြင်ကွင်း (ဓာတ်ပုံ)
ဆုဆုသွယ်
·
November 8, 2020
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်အမှတ် (၂) ရပ်ကွက်က ယာယီ မဲရုံတွေကို ဒီနေ့မနက် ၆ နာရီ စတင်ဖွင့်လှစ်ခဲ့ပြီး မဲဆန္ဒရှင် မဲစတင်ပေးနေကြပြီ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ မဲပေးခွင့်ရှိတဲ့မဲဆန္ဒရှင် ၁၅၈၀၀၀ က မဲရုံ ၁၂၁ ရုံမှာ မဲပေးသွားကြမှာဖြစ်ပါတယ်။
မဲရုံတွေမှာ မဲလာပေးတဲ့သူတွေအတွက် အပူချိန်တိုင်းတာတာတွေနဲ့ နှာခေါင်းစေး Face Shield တွေကိုလည်း ဝေငှ ပေးနေပါတယ်။
မရမ်းကုန်းမြို့နယ်မှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲထက်မဲဆန္ဒရှင် ၁၅၀၀၀ ပိုများလာတဲ့အတွက် မဲရုံတွေ တိုးချဲ့ပြင်ဆင်ထားပါတယ်။
မရမ်းကုန်း မြို့နယ်မှာ ကြိုတင် ဆန္ဒမဲပေးထားသူ ၂ သောင်းကျော်ရှိပါတယ်။ မရမ်းကုန်းမြို့နယ်က မဲရုံ တစ်ချို့မှာ မနက် မဲရုံမဖွင့်မီ အချိန်ကတည်းက လူဦးရေ ရာချီ မဲလာပေးဖို့ စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - ဆုဆုသွယ်