မိုးကုတ်မြို့နယ်၌ မြေပြိုကျပြီး ပိတ်မိနေသူ ၂ ဦး၏ အလောင်းများ ပြန်တွေ့
DVB
·
November 6, 2020
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ရှိ ကျောက်ဝါချောင်းမှာ မြေပြိုကျတာကြောင့် လူ နှစ် ဦးသေဆုံးသွားပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့က တောင်တွန်းပြီး မြေပြိုကျတာကြောင့် မျောစာပိလို့ပိတ်မိနေတဲ့ လူနှစ်ယောက်ကို နိုဝင်ဘာ ၅ ရက်နေ့က သေဆုံးလျက်ပြန်တွေ့တယ်လို့ မိုးကုတ်မြို့နယ် လူမှုကယ်ဆယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ပြောပါတယ်။
ပထမအလောင်းကို မနက် ၉ နာရီဝန်းကျင်ကတွေ့ရှိခဲ့တာဖြစ်ပြီး ဒုတိယအလောင်းကိုတော့ မနက် ၁၁ နာရီခွဲဝန်းကျင်က တွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အောက်တိုဘာ ၄ ရက်နေ့က တောင်တွန်းမြေပြိုတာကြောင့် မျောစာပိလို့ လူ ၃ ဦး ပိတ်မိခဲ့ကာ တစ်ဦးကို ပွန်းပဲ့ဒါဏ်ရာအနည်းငယ်နဲ့ မိုးကုတ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ကျန် ၂ ဦးကိုတော့ သေဆုံးလျက်တွေ့ရှိရတာဖြစ်ပါတယ်။
ပိတ်မိနေခဲ့တဲ့အချိန်ဟာ အောက်တိုဘာ ၄ ရက်နေ့ မနက် ၉ ခွဲဝန်းကျင်လောက်ဖြစ်ပြီး ရှာဖွေကယ်ဆယ်တာတွေ ပြုလုပ်ခဲ့ပေမယ့် အောက်တိုဘာ ၅ ရက်နေ့မှာ သေဆုံးလျက် တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သတင်း - ဟန်နာထက်အောင်