Home
မြန်မာသတင်း
မအူပင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာတွင် အန်အယ်လ်ဒီပါတီ အောင်နိုင်ရေးဆိုင်းဘုတ်များ ဖျက်ဆီးခံရ
DVB
·
November 5, 2020
123343600_983002068850803_6608101959723035069_n
123255902_983002028850807_7438483188242815334_n
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ သုံးခွကျွန်းကျေးရွာအုပ်စုမှာ နိုဝင်ဘာ ၂ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ သုံးခွကျွန်းကျေးရွာအုပ်စုအတွင်းက တာပတ်အနောက်ကျေးရွာနဲ့ မရမ်းကျေးရွာမှာ စိုက်ထူထားတဲ့ အန်အယ်လ်ဒီပါတီနာယက ဦးတင်ဦးနဲ့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ရုပ်ပုံတွေနဲ့ မအူပင်မြို့နယ် အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရုပ်ပုံပါဝင်တဲ့ ဗီနိုင်းပိုစတာတွေ ဖျက်ဆီးဆုတ်ဖြဲခံခဲ့ရတာဖြစ်တယ်လို့ မအူပင်မြို့နယ် အန်အယ်လ်ဒီပါတီ အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးက ပြောပါတယ်။ “အရင်တုန်းကလည်း ဖျက်ဆီးခံခဲ့ရဖူး ပါတယ်။ အခုကတော့ ဖျက်ဆီးထားတာ အရမ်းကို ဆိုးရွားပါတယ်။ ပုံတွေကို သေသေချာချာကို ကပ်လှီး ယူသွားတာပါ။ တစ်ပုံကတော့ နာယကကြီး ဦးတင်ဦးနဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို ကပ်လှီးပြီး ယူသွားတာ။ နောက်တစ်ခုက ကိုယ်စားလှယ်တွေရဲ့ပုံတွေကို လှီးဖြတ်ယူသွားတာပါ" လို့ပြောပါတယ်။ အောင်နိုင်ရေးပိုစတာ ၂ ခုကို ဖျက်ဆီးတာဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာဖြစ်ပြီး ဘယ်သူတွေလုပ်သွားတယ်ဆိုတာကို စုံစမ်းနေပါတယ်လို့ ဆိုပါတယ်။ အန်အယ်လ်ဒီပါတီ အောင်နိုင်ရေးဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး မအူပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတို့ကို မအူပင်မြို့နယ် အန်အယ်လ်ဒီပါတီက အကြောင်းကြားထားတယ်လို့ သိရပါတယ်။ သတင်း-မင်းထက်မုန်း  ဓာတ်ပုံ - အောင်မြသန်း (မအူပင်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024