ဦးကျော်မြင့်ကိုစွဲထားသည့် ထောင်ပြေးမှု လာမည့်ရုံးချိန်းတွင် အမိန့်ချမည်
DVB
·
November 3, 2020
ဖျက်သိမ်းခံလိုက်ရတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဦးကျော်မြင့်ကို တရားစွဲထားတဲ့ ထောင်ပြေးမှု ပုဒ်မ (၂၂၄)အတွက် နိုဝင်ဘာ ၁၂ ရက်နေ့ ရုံးချိန်းမှာ အမိန့်ချဖို့ ရှိနေပါတယ်။
ဦးကျော်မြင့်ဟာ ၁၉၉၉ ခုနှစ်က အကျဉ်းထောင်ပြင်ပမှာ ဆေးကုသနေစဉ် ထွက်ပြေးခဲ့တဲ့ အမှုအတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာမှာ ဖမ်းဆီးခံရကာ မန္တလေးမြို့ အိုးဘို အကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။
ဦးကျော်မြင့်ကို ထောင်ပြေးမှု ပုဒ်မ ၂၂၄ အပြင် လဝက အက် (၁၃/၁) နဲ့လည်း တရား စွဲဆိုထားပါတယ်။
Photo - Kaung Zaw Hein / MPA