Home
မြန်မာသတင်း
မအူပင်ရဲစခန်းတွင် အချုပ်သား ၁ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရ
DVB
·
November 3, 2020
123174003_981420045675672_2216264614524384945_o
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် မြို့မရဲစခန်းမှာ နိုဝင်ဘာ ၂ ရက်က အချုပ်သား ၁ ဦးထံကနေ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့တယ်လို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ ရောဂါပိုးတွေ့ရှိခဲ့တဲ့ အမျိုးသားမှာ အနံ့ပျောက်တဲ့ ဝေဒနာခံစားနေရတယ်သိရလို့ စစ်ဆေးရာကနေ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့တာဖြစ်တယ်လို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာခင်မာစိုးက ပြောပါတယ်။ “အချုပ်ကျနေသူ တစ်ဦးဆီက ကိုဗစ်ပိုးတွေ့တာ ဟုတ်ပါတယ်။ အနံမရဘူးဆိုလို့ စစ်ဆေးရာကနေ ခုလိုတွေ့ရှိတာပါ၊ ကျန်တဲ့လူတွေကို စစ်ဆေးသွားမှာပါ”လို့ ပြောပါတယ်။ ရဲစခန်းအချုပ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ တွေ့ရှိခဲ့တာကြောင့် အချုပ်ကျနေသူ ၉ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထပ်မံစစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အချုပ်ခန်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့အမျိုးသားဟာ ဖုန်းခိုးမှုနဲ့ အမှုဖွင့်ခံရပြီး အချုပ်ကျနေသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ မအူပင်အကျဉ်းထောင်မှာ အောက်တိုဘာ ၂၆ ရက်က စတင်ပြီး အကျဉ်းသားနဲ့ ဝန်ထမ်းတွေဆီမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတာ လူဦးရေ ၁၀၀ ကျော်ထိရှိလာပြီဖြစ်ပါတယ်။ သတင်း -မင်းထက်မုန်း (ပုသိမ်) ၊ ဓာတ်ပုံ - အောင်မြသန်း (မအူပင်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024