ဧရာ၀တီတိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ကိုဗစ်လူနာသစ် ၂၉ ဦး ထပ်မံတွေ့ရှိ
DVB
·
November 2, 2020
ဧရာဝတီတိုင်းဒေသကြီးမှာ နိုဝင်ဘာလ ၂ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ထပ်တိုးခဲ့တဲ့ အတည်ပြုလူနာသစ် ၂၉ ဦးထဲမှာ မော်ကျွန်းမြို့နယ်က ၁၁ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
“ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူးမှာ ပြီးခဲ့ရက်ပိုင်းက ပုသိမ်မြို့ကို ပြန်လာပြီး အနံ့မရလို့ စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ၎င်းရဲ့ ဖခင်ဖြစ်သူပါ ရောဂါကူးစက်ခံထားရတာဖြစ်တယ်” လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က သူ့ရဲ့လူမူကွန်ရက်မှာ ရေးသားထားပါတယ်။
မော်ကျွန်းမြို့မှာ ၁၁ ဦး၊ လေးမျက်နှာမြို့က ၉ ဦး၊ ကျုံပျော်မြို့နဲ့ ကျိုက်လတ်မြို့မှာ ၂ ဦးစီနဲ့ ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ကျိုက်လတ်နဲ့ ဘိုကလေးမြို့နယ်တို့မှာ ၁ ဦးစီ စုစုပေါင်း ၂၉ ဦး တွေ့ရှိခဲ့တာပါ။
ဧရာ၀တီတိုင်းမှာ အတည်ပြုလူနာအများဆုံး တွေ့ရှိထားတဲ့ မြို့နယ်တွေကတော့ မအူပင်မြို့နယ်မှာ အများဆုံးတွေ့ရှိထားပြီး အဲ့နောက်မှာ ပုသိမ်မြို့နယ်နဲ့ ဖျာပုံမြို့နယ်တို့ အများဆုံးဖြစ်တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။
ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၈၁ ဦးတွေ့ရှိလာတဲ့ ဧရာ၀တီတိုင်းမှာ ရောဂါသက်သာလာလို့ ဆေးရုံဆင်းခွင့်ရရှိသူ ၇၄၇ ဦးနဲ့ သေဆုံးသူ ၁ ဦးရှိတယ်လို့ သိရပါတယ်။
သတင်း - မင်းထက်မုန်း(ပုသိမ်)