Homeသတင်းဓာတ်ပုံ
ကြိုတင်မဲလက်မှတ်များကို ရဲနှင့် ရပ်ကျေးတာဝန်ရှိသူများ ပူးပေါင်း ထိန်းသိမ်းစောင့်ရှောက်မည်
ကြိုတင်မဲလက်မှတ်များကို ရဲနှင့် ရပ်ကျေးတာဝန်ရှိသူများ ပူးပေါင်း ထိန်းသိမ်းစောင့်ရှောက်မည်
DVB
·
October 30, 2020
အသက် ၆၀ ကျော်အရွယ်တွေနဲ့ နယ်ဝေးရောက်မဲဆန္ဒရှင်တွေ ကြိုတင်ဆန္ဒမဲပေးထားတဲ့ မဲလက်မှတ်တွေကို လုံခြုံမှုရှိစေဖို့အတွက် ညဘက်မှာ သန္ဓေရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ရပ်ကွက်ကျေးရွာ တာဝန်ရှိသူတွေ ပါဝင်တဲ့အဖွဲ့က ထိန်းသိမ်းစောင့်ရှောက်မှာဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်မယ့် အထူးရဲတွေကတော့ ရွေးကောက်ပွဲအတွက်သာ လေ့ကျင့်ပေးထားတာဖြစ်လို့ ညအချိန် လုံခြုံရေးအတွက် အသုံးပြုမှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်ကနေ သိရပါတယ်။
မြန်မာနိုင်ငံတဝန်း မြို့တွေနယ်တွေအသီးသီးရှိ မဲရုံတွေမှာ အောက်တိုဘာ ၂၉ ရက်မနက်က စတင်ပြီး အသက် ၆၀ ကျော်အရွယ်တွေ ကြိုတင်မဲ စပေးနေကြသလို နာမကျန်းသူတွေ၊ မသွားလာနိုင်တဲ့ ဘိုးဘွားတွေအတွက်လည်း နေအိမ်တွေမှာ ကြိုတင်မဲတွေ လိုက်လံကောက်ခံ နေပါတယ်။