ကိုဗစ်-၁၉ လူနာသစ် ၁,၄၆၆ ဦးတွင် သင်္ဃန်းကျွန်းမြို့နယ်က ၁၉၂ ဦးဖြင့် အများဆုံးပါဝင်
DVB
·
October 28, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၄၆၆ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၁,၀၉၂ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၅ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ သင်္ဃန်းကျွန်းမြို့နယ်က ၁၉၂ ယောက်၊ မြောက်ဥက္ကလာပက ၉၂ ယောက်နဲ့ အများဆုံးတွေ့ရှိပြီး စုစုပေါင်း မြို့နယ် ၄၁ မြို့ နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်းမြို့နယ် ၁၄ ခုမှာ ၆၄ ယောက်၊ မန္တလေးတိုင်းမြို့နယ် ၁၄ ခုမှာ ၄၉ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၀ ခုမှာ ၅၆ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၁၁ ခုမှာ ၃၅ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၀ ခုမှာ ၁၀၈ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၇ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၂ ခုမှာ ၅ ယောက်၊ ကရင်ပြည်နယ် မြဝတီမြို့မှာ ၂ ယောက်၊ နေပြည်တော် မြို့နယ် ၆ ခုမှာ ၁၁ ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၂ ခုမှာ ၂၃ ယောက်၊ ရှမ်းပြည်နယ် မြို့နယ် ၃ ခုမှာ ၃ ယောက်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ၁ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၃၅ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၄၇,၆၆၆ ယောက်၊ သေဆုံးသူ ၁,၁၄၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူပေါင်း ၂၇,၃၇၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၄ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၂ ဒသမ ၄ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။