Home
မြန်မာသတင်း
ဧရာ၀တီတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၆၈ ဦးထပ်တိုး၊ လူနာဦးရေ ၁၀၀၀ ကျော်ရှိလာ
DVB
·
October 28, 2020
122796366_976662419484768_2257423385118505868_o
ဧရာဝတီတိုင်းမှာ အောက်တိုဘာ ၂၈ ရက်နေ့က ကိုဗစ်-၁၉ လူနာသစ် ၆၈ ဦးထပ်တိုးခဲ့ပြီး အတည်ပြုလူနာ ၁၀၁၃ ဦးရှိလာပြီလို့ တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရဲ့  သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အတည်ပြုလူနာသစ် ၆၈ ဦးထဲမှာ မအူပင်မြို့နယ်က အများဆုံးဖြစ်တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သီဟအောင်က အများဆုံးက ပြောပါတယ်။ "ဒီနေ့တိုးတဲ့အထဲမှာ အများဆုံးက မအူပင်ကပါ၊ အကျဉ်းထောင်ထဲ လူတွေနဲ့ ဆေးရုံမှာ အသွားအလာကန့်သတ်ခံထားရတဲ့လူတွေ များပါတယ်၊ ပြီးတော့ သံသယရှိလို့ စစ်ဆေးတဲ့လူ တွေမှာ တွေ့ခဲ့တာပါ" လို့ ပြောပါတယ်။ လူနာ ၆၈ ဦးတွေ့ရှိခဲ့တဲ့ မြို့နယ်တွေကတော့ မအူပင်မြို့မှာ ၃၉ ဦး၊ ဟင်္သာတမြို့မှာ ၁၃ ဦး၊ ပုသိမ်မြို့မှာ ၆ ဦး၊ ဒေးဒရဲမြို့နဲ့ ကျိုက်လတ်မြို့မှာ ၄ ဦးစီနဲ့ မော်ကျွန်းမြို့နဲ့ ညောင်တုန်းမြို့မှာ ၁ ဦးစီ ဖြစ်ပါတယ်။ ဧရာ၀တီတိုင်းမှာ မအူပင်မြို့နယ်က အတည်ပြုလူနာ အများဆုံးဖြစ်ပြီး သူ့နောက်မှာ ပုသိမ်နဲ့ ဖျာပုံမြို့နယ်တွေ ဖြစ်တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနက သိရပါတယ်။ ရောဂါပိုးတွေ့ရှိမှု အများဆုံးဖြစ်တဲ့ မအူပင်မြို့နယ်က အကျဉ်းထောင်မှာ အကျဉ်းသားနဲ့ ထောင်၀န်ထမ်း ရောဂါကူးစက်ခံရသူ အောက်တိုဘာ ၂၆ ရက်နေ့ ညပိုင်းက ၆၉ ဦးရှိပြီး အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာ ၃၅ ဦး ရောဂါပိုးထပ်မံတွေ့ရှိတာကြောင့် အကျဉ်းထောင်အတွင်း ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀၄ ဦးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဧရာ၀တီတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၁၃ ဦး ရှိတဲ့အနက် ရောဂါသက်သာလို့ ဆေးရုံဆင်းခွင့်ရရှိသူ ၆၁၉ ဦး ရှိပြီလို့ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024