Home
မြန်မာသတင်း
မြန်မာအမျိုးသမီးများကို ကူညီရန် အီတလီနိုင်ငံက ယူရို ၄ သိန်း ထောက်ပံ့
DVB
·
October 27, 2020
fb85e642-unfpa-logo
download
မြန်မာနိုင်ငံ ပြည်နယ် ၆ ခုက အမျိုးသမီးတွေကို ကူညီဖို့ အီတလီနိုင်ငံကနေ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA ကို ယူရိုငွေ ၄ သိန်း ထောက်ပံ့လိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာအီတလီသံအမတ် Ms. Alessandra Schiavo နဲ့ UNFPA မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ramanathan Balakrishnan တို့ဟာ ဒီသဘောတူတူညီချက်ကို လက်မှတ်ထိုးလိုက်တယ်လို့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားတာပါ။ ဒါဟာ UNFPA ရဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးများပထမအစီအစဉ် - အဆင့် ၂ ကို ထောက်ပံ့ဖို့ ဖြစ်ပြီး ကချင်၊ ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်နဲ့ ကယားပြည်နယ်တို့က မိန်းကလေးတွေကို ကူညီမှာ ဖြစ်ပါတယ်။ UNFPA၊ ကုလသမဂ္ဂ လိင်နဲ့မျိုးဆက်ပွားကျန်းမာရေးအေဂျင်စီအနေနဲ့ အထိခိုက်မခံဆုံး အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် လိင်ကိုအခြေပြု အကြမ်းဖက်မှုဆိုင်ရာ၊ လိင်နဲ့ မျိုးဆက်ပွား ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတို့ကို အမျိုးသမီးတွေနဲ့ မိန်းကလေး စင်တာ ၃၃ ခုနဲ့ ရခိုင်၊ ကချင်၊ ကယား၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ လုပ်နေပါတယ်။ အီတလီဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးများပထမအစီအစဉ် အဆင့် ၁ အတွက် ယူရို ၈ သိန်း ထောက်ပံ့ထားခဲ့ပြီး ဒီအစီအစဉ်ကို သြစတြေးလျ၊ အီးယူ၊ ဖင်လန်၊ ဂျာမနီ၊ အီတလီနဲ့ ဆွီဒင်နိုင်ငံတို့က ထောက်ပံ့ကူညီထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024