Home
မြန်မာသတင်း
မြန်မာအမျိုးသမီးများကို တရုတ်အမျိုးသားနှင့်လက်ထပ်ရန် စည်းရုံးသည့် လူငယ် ၂ ဦးကို ဖမ်းဆီး
DVB
·
November 11, 2019
74218638_3676766109015643_5000685196450725888_n
မြန်မာအမျိုးသမီးတွေကို တရုတ်အမျိုးသားနဲ့ လက်ထပ်အတူနေထိုင်ဖို့ စည်းရုံးခေါ်ဆောင်တဲ့ လူငယ် ၂ ယောက်ကို မန္တလေးမှာ ဖမ်းဆီးလိုက်တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ အမျိုးသမီးငယ်တွေကို တရုတ်နိုင်ငံပို့ဖို့ စည်းရုံးနေတဲ့သတင်းအရ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ မနေ့ မနက်အစောပိုင်းက မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန် ကားကြီးကွင်းနားက ရွှေအိမ်စည်တည်းခိုခန်းရှေ့မှာ စောင့်ဆိုင်းနေခဲ့ပါတယ်။ အဲဒီအချိန်မှာ အသက် ၂၇ နှစ်အရွယ် ပြည့်ဖြိုးအောင်နဲ့ ၁၈ နှစ်အရွယ် မသံစဉ်တို့ဟာ အမျိုးသမီး ၃ ယောက်ကို တည်းခိုခန်းကိုခေါ်လာတာတွေ့လို့ ချမ်းအေးသာစံမြို့နယ်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု ၁၁ ကို ထိန်းသိမ်းခေါ်ဆောင် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ တရုတ် အမျိုးသားတွေနဲ့ လက်ထပ်ပြီး ၁ နှစ်အတူနေထိုင်ရင် ငွေကျပ် ၂၅ သိန်းပေးမှာဖြစ်ပြီး စရံငွေအဖြစ် ကျပ် ၅ သောင်းစီပေးထားတယ်လို့ ပြည့်ဖြိုးအောင်နဲ့ မသံစဉ်တို့က ထွက်ဆိုပါတယ်။ ကျန်တဲ့ငွေတွေကိုတော့ တရုတ်နိုင်ငံ၊ ရွှေလီမြို့ကိုရောက်ရင်ပေးမယ်ဆိုပြီး စည်းရုံး ခေါ်ဆောင်လာတာကြောင့် သူတို့ ၂ ယောက်ကို ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ လူကုန်တားဥပဒေ ပုဒ်မ ၂၄/၂၃ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။  ဓာတ်ပုံ- MOH
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024