Home
မြန်မာသတင်း
ဘားအံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇၃ ဦးအထိ တိုးလာ
DVB
·
October 26, 2020
5cddd94510790e3a49df7373abf1ccffa10f66694c6bc65713634535d943ba0c
ကရင်ပြည်နယ်၊ ဘားအံမှာ ကိုဗစ်-၁၉  ကူးစက်လူနာ ၂၇၃ ယောက် အထိ တိုးလာနေပြီး  မြို့နယ်အတွင်းက  ကျေးရွာတချို့မှာ  Lockdown ချတာတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဘားအံမှာ ကျေးရွာ ဝင်ထွက်လမ်းမတွေ ရုတ်တရက် ပိတ်ဆို့တားဆီး စစ်ဆေးတာတွေ  ပြုလုပ်ကြရာမှာ တချို့ ရွာတွေမှာ ရွာတွင်းရွာပြင်  သွားလာဝင်ထွက်ခွင့် လုံးဝ ပိတ်ပင် ထားတဲ့အတွက်  ဒေသတွင်း  ဆက်သွယ် သွားလာရေး /စျေးရောင်းစျေးဝယ် ကိစ္စတွေ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာတွေမှာ Lockdown ပိတ်ဆို့တာတွေကို ပြည်နယ်အစိုးရ အနေနဲ့ ညွှန်ကြားချက် အမိန့် ထုတ်ပြန်စေခိုင်းတာ မရှိကြောင်းနဲ့ မိမိတို့ ကျေးရွာ အစီအစဉ်နဲ့ တချို့ရွာတွေမှာ လူဝင် လူထွက် စစ်ဆေးတာ၊ နှာခေါင်းစည်း တပ်ဆင်စေတာနဲ့ လက်ဆေးတာတို့ လုပ်ကိုင်စေပြီး ကျန်းမာရေး အသုံးအဆောင်တွေ ပံ့ပိုးကူညီပေးနေကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ လှုမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်က ပြောပါတယ်။  ကရင်ပြည်နယ်မှာ အောက်တိုဘာ ၂၅ ရက်အထိ စာရင်းအရ ကိုဗစ်-၁၉  အတည်ပြုလူနာ ၂၇၃   ဦးရှိလာပြီး လတ်တလော ကုသမှုခံယူနေရသူ ၉၀ ကျော် ရှိကာ သေဆုံးသူ ၂ ဦး ရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ပိုးတွေ့ အတည်ပြုလူနာတွေထပ်ရှိလာနိုင်တဲ့အတွက်  ကျန်းမာရေးဌာန ထုတ်ပြန် ကြေညာချက်တွေကို  လိုက်နာနေထိုင်ကြဖို့ ဘားအံမြို့တွင်း ရပ်ကွက်တွေ၊ မြို့ပြင် ရပ်ရွာတွေနဲ့ ကျေးလက်  လမ်းမတွေတလျှောက် သက်ဆိုင်ရာ ရပ်ကျေးတာဝန်ရှိသူတွေက လှည့်လည် ကြေညာပေး နေကြောင်းသိရပါတယ်။  သတင်း - စောတာတူး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024