ကျားပေါက်သီဆိုသည့် “ကြောက်ခေတ်”မဲဆွယ်သီချင်း အွန်လိုင်းပေါ် နာမည်ကြီးနေ (ရုပ်သံ)
DVB
·
October 26, 2020
“ငါ့မှာ ကြောက်တတ်တဲ့ အကျင့်ဟာ မွေးရာပါပဲ… ဘာဆိုဘာမှ မလုပ်တတ်သေး ခင် ကြောက်တတ်ရတယ်… ဘာမှမဖြစ်သေးဘူး… တို့လူမျိုးဟာ ကြောက်တော့တာပဲ… ဘာကြောက်နေလဲ… အဲလိုမေးတယ်… မကြောက်လို့ရမလား… သားရီးရဲ့… သူတို့မှာ ဗျောက်တွေနဲ့… ဗျောက်တွေနဲ့”
ဒါကတော့ လတ်တလော အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်း စားနေတဲ့ ကျားပေါက်ရဲ့ မဲဆွယ်သီချင်းတပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။
“ကြောက်ခေတ်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ကျားပေါက်က အဲန် အယ်လ်ဒီပါတီ မဲဆွယ်ကမ်ပိန်းသီချင်းတပုဒ်အနေနဲ့ ကိုယ်တိုင်ရေးသား သီဆိုထားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ထူးခြားတဲ့ဟန်နဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
ကျားပေါက်(ခ)ဟန်ထူးလွင်ဟာ နာမည်ကြီးအဆိုတော် ရင်ဂိုရဲ့ မျိုးဆက်ရင်သွေး တယောက်ဖြစ်ပြီး ဖခင်နဲ့ မတူညီတဲ့ ဆူညံပေါက်ကွဲလွယ်တဲ့ ပန့်ခ်အမျိုးအစား သီချင်း တွေနဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက Big Bag တေးဂီတအဖွဲ့နဲ့အတူ အနုပညာ လမ်းကြောင်းပေါ် ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။
ပန့်ခ်အကြောင်းအပြောနဲ့၊ အားလုံးအတွက်ပန့်ခ်၊ AD 3000၊ တယ်လီပန်ခ့်စတဲ့ တ ကိုယ်တော် တေးအယ်လ်ဘမ်တွေကစလို့ ထင်ရှားတဲ့ သီချင်းပေါင်းများစွာကို ရေးသား သီဆိုအောင်မြင်ခဲ့တဲ့ ကျားပေါက်ဟာ ဝါသနာပါရာ စာပေရေးသားမှုတွေ၊ ပန်းချီဆွဲတာ တွေကိုလည်း လုပ်ဆောင်နေသူတယောက်ပါ။
“နိုင်ငံရေး မပြောရဲရာက အခု အစိုးရကိုဆဲ… ဘာမှမလုပ်ရဲတဲ့ ငနဲဟာ… အခု တော့ သတ္တိတွေနဲ့… မင်းတို့တွေ မကြောက်ရတော့အောင် ဘယ်သူလုပ်ပေးခဲ့တာလဲ… အဖြေက ရှင်းရှင်းလေး… ဉာဏ်တွေ မနည်းကြပါနဲ့… ငါတောင်းပန်တယ်… နောက်တ ခေါက် ခွေးတွေ မဖြစ်ပါရစေနဲ့… ဆင်ဆာလူကြီး ဘောလည်း… မ,မနိုင်လောက်တော့ ဘူးရယ်… လူကြီးရဲ့ သမီး ယောင်းမ အဖိုးဆယ်ဝမ်းကွဲဆိုလည်း… ဘာကြောက်နေလဲ… အဲလိုမေးတယ်… မကြောက်လို့ရမလား… သားရီးရဲ့… သူတို့မှာ ဗျောက်တွေနဲ့… ဗျောက်တွေနဲ့”
ကျားပေါက်ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် မျှဝေထားခဲ့တဲ့ ဒီသီချင်းရုပ်သံကိုတော့ နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သိန်းခွဲနီး ပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။