လှည်းကူးမြို့နယ်တွင် NLD ပါတီ ဝန်းရံထောက်ခံသူများ အင်အားပြမဲဆွယ် (ဓာတ်ပုံ)
DVB
·
October 25, 2020
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဝန်းရံထောက်ခံသူတွေ အောက်တိုဘာလ ၂၅ ရက်နေ့က အင်အားပြ မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့ကြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ကျန်နေသေးတဲ့ မဲဆွယ်ကာလ ၁၃ ရက်မှာ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၄ ရက်နေ့မှာ ကော်မရှင်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာမှာ သတ်မှတ်လူဦးရေထက် ကျော်လွန်ဆောင်ရွက်တာ၊ social distancing rule တွေကို လိုက်နာဖို့ လိုအပ်တာ၊ ဝန်းရံသူတွေကလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားဆောင်ရွက်ချက်တွေကို လိုက်နာမှု အားနည်းတာတွေ တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo - Ye Myo Khant/MPA