မြင်းခြံမြို့တွင် ကိုဗစ်-၁၉ လူနာသစ် ၄ ဦးထပ်မံတွေ့ရှိ
DVB
·
October 24, 2020
မန္တလေးတိုင်း မြင်းခြံမြို့မှာ Quarantine ဝင်နေတဲ့ ၃၁ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို အောက်တိုဘာ ၂၃ ရက်နေ့က ပေးပို့စစ်ဆေးရာ ကိုဗစ်-၁၉ လူနာသစ် ၄ ဦးတွေ့ရှိရတယ်လို့ မြင်းခြံ ကိုဗစ် ၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူး ဒေါက်တာစောရဲဝင်းက ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၄ ဦးမှာ အောက်တိုဘာ ၂၂ ရက်နေ့က အတည်ပြုလူနာ ၂ ဦးနဲ့ ထိတွေ့သူတွေထဲက ဖြစ်တယ်လို့ သိရပါတယ်။
ရောဂါပိုးတွေ့ရှိသူ ၄ ဦးမှာ အမှတ် ၁၈ ရပ်ကွပ်က ၃ ဦး၊ အမှတ် ၁၉ ရပ်ကွက်က ၁ ဦးတို့ဖြစ်ပြီး ထိတွေ့သူ စုစုပေါင်း ၁၄ ဦးကို အောက်တိုဘာ ၂၃ ရက်နေ့ညမှာပဲ Quarantine စင်တာမှာ ထားရှိပြီး swap နမူနာပေးပို့ စစ်ဆေးထားတယ်လို့ မြင်းခြံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှုးအဆင့်-၁ ဒေါ်အိအိမြတ်က ပြောပါတယ်။
မြင်းခြံမြို့မှာ အောက်တိုဘာ ၂၄ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၇၄ ဦးရှိပြီး မြင်းခြံဆေးရုံမှာ ဆေးကုသမှုခံယူနေသူမှာ ၆ ဦး သာရှိတယ်လို့ သိရပါတယ်။