ချောက်တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ လှည့်လည်အင်အားပြ (ဓာတ်ပုံ)
DVB
·
October 24, 2020
မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ အောက်တိုဘာ ၂၃ ရက်နေ့ ညနေပိုင်းက ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) က လှည့်လည်အင်အားပြခဲ့ပါတယ်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက မော်တော်ယာဥ် အစီးရေ ၅၀၊ မော်တော်ဆိုင်ကယ် အစီးရေ ၄၀ ကျော်နဲ့ လူအင်အား ၅၀၀ လောက် ဝန်းရံပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တိုင်းဒေသကြီး လွှတ်တော် အမှတ်-၂ ကိုယ်စားလှယ်လောင်း ဦးတင့်ဝေက “တိုင်း ၁ ဘက်က ၅၀ လောက်၊ တိုင်း ၂ ဘက်က ၅၀ လောက်နဲ့ စထွက်တာ ကျန်တာတွေက ရွာဘက်က လူတွေလာပြီး ဝန်းရံကြတာ”လို့ ပြောပါတယ်။
နှင်းဆီပါတီ ဖျက်သိမ်းပြီးနောက်မှာ ချောက်မြို့နယ်အတွင်း နှင်းဆီပါတီ ဝန်းရံသူတွေက ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ မူဝါဒကိုကြိုက်လို့ ပူးပေါင်းလာဖို့ အစီအစဥ်ရှိသလို မဲဆန္ဒပေးဖို့လည်း ပြောဆိုတာတွေ ရှိတယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ ချောက်မြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်လောင်း ဒေါ်မိုးမိုးကြည်၊ အမျိုးသားလွှတ်တော် အမှတ် ၅ ဦးတင်ဝင်းနိုင်၊ တိုင်းဒေသကြီး ၁ မှာ ဦးချို(ခ)ဦးသောင်းတင်၊ တိုင်းဒေသကြီး အမှတ်-၂ မှာ ဦးတင့်ဝေတို့နဲ့ လေးနေရာလုံး ဝင်ရောက်အရွေးခံကြမှာ ဖြစ်ပါတယ်။