နှင်းဆီပါတီခေါင်းဆောင် ဦးကျော်မြင့် အပြစ်မရှိကြောင်း တရားခွင်၌ ထွက်ဆို (ဓာတ်ပုံ)
DVB
·
October 23, 2020
ဖမ်းဆီး အရေးယူခံထားရတဲ့ ပုဒ်မတွေဟာ နဝတခေတ်က မတရားချထားတဲ့ ထောင်ဒဏ်ဖြစ်တာကြောင့် အခုဒီမိုကရေစီ အစိုးရလက်ထက်မှာ အပြစ်မရှိကြောင်း ဖျက်သိမ်းခံထားရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်က တရားခွင်မှာ ထွက်ဆိုပါတယ်။
ထောင်ပြေးမှုနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဒီနေ့ အောက်တိုဘာ ၂၃ ရက်နေ့ က မန္တလေးမြို့ ချမ်းအေးသာဇံ မြို့နယ် တရားရုံးမှာ စတုတ္ထ အကြိမ် ရုံးထုတ် စစ်ဆေးရာမှာ ထွက်ဆိုခဲ့တာပါ။
ဦးကျော်မြင့်ကို PPE ဝတ်စုံဝတ်ထားသူတွေနဲ့အတူ ရုံးထုတ်လာတဲ့အပြင် ရဲအင်အား အများအပြားကလည်း ဒိုင်းတွေနဲ့ ကာရံထားပြီး လုံခြုံရေးအပြည့်နဲ့ ရုံးထုတ်ခဲ့တာပါ။
ဦးကျော်မြင့်ခေါင်းဆောင်တဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၇ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။
Photo - Kaung Zaw Hein / MPA