Home
မြန်မာသတင်း
အမြန်လမ်းမကြီး သီးကုန်းဂိတ်တွင် တရားမဝင် တရုတ်နိုင်ငံသား ၇ ဦးဖမ်းမိ
DVB
·
October 23, 2020
122158857_3405269366278723_1210676227285006665_o
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိတ္ထီလာမြို့နယ် သီးကုန်းဂိတ်မှာ အောက်တိုဘာ ၂၂ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၇ ဦးကို  ဖမ်းဆီးမိတယ်လို့ အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့က သိရပါတယ်။ အမြန်လမ်းမကြီး မီသတ်ဦးစီး ဦးရဲလင်းကျော်က "တရုတ်နိုင်ငံသား ၇ ဦးမှာ ဗီဇာပတ်စပို့ ဘာမှမပါပါဘူး၊ တရားမဝင် ဝင်ရောက်လာသူတွေပါ။ ကုန်တင်ကားမှာ ထပ်ခိုးလုပ် မိုးကာအုပ်ပြီး စီးလာကြတာပါ။ မိုးကာကြီးလှူပ်နေလို့ မသင်္ကာတာနဲ့ပဲ ပူးပေါင်းအဖွဲ့က မိုးကာလှပ်ကြည့်တာက ဖမ်းမိတာပါ" လို့ ပြောပါတယ်။ ၆ ဘီး Canter ယာဉ်မောင်း သက်ဆွေ၊ ယာဉ်နောက်လိုက် ဝင်းစိုးဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့    အလည်ရွာရဲစခန်းစခန်းမှူး ရဲအုပ်စောရွှေမောင်က ပြောပါတယ်။ "တရုတ်နိုင်ငံသား ၇ ဦးနဲ့ ကားသမား ၂ ဦး ပေါင်း ၉ ဦးကို သီးကုန်းအမြန်လမ်းရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးထားပါတယ်။ မန္တလေးဘက် သွားမယ်ပြောတာပဲ။ မြန်မာနိုင်ငံထဲမှာ တရားမဝင် ဝင်ပြီး နေနေကြတာပါ။ ကုန်ကားပုံစံနဲ့ လူစီးဖို့ သေသေချာချာကို ၂ ထပ်လုပ်ထားတာ တွေ့ရတယ်"လို့ ပြောပါတယ်။ ဖမ်းဆီးမိခဲ့ တရုတ်နိုင်သား ၇ ဦးဟာ လွန်ခဲ့တဲ့ ၂ လကျော်လောက်ကတည်းက တရုတ်နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာပြီး မြဝတီမြို့မှာ နေထိုင်ခဲ့တာလို့ သိရပါတယ်။  သူတို့ကို ပို့ဆောင်ခအဖြစ် ယာဉ်မောင်း သက်ဆွေက ၂ သိန်းနဲ့ ယာဉ်နောက်လိုက် ဝင်းစိုးဦးက ၅ သောင်းရတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံသား ၇ ဦးကို မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှု လဝကဥပဒေ ပုဒ်မ ၁၃/၁၊ သက်ဆွေနဲ့ဝင်းစိုးဦးတို့ကိုတော့ အခကြေးငွေယူပြီး မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရာက်နေထိုင်ရန် အားပေးကူညီမှု လဝကဥကဒေပုဒ်မ ၁၃/၅ နဲ့   သီးကုန်းအမြန်လမ်းရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း-မောင်မောင်လင်း ဓာတ်ပုံ-အမြန်လမ်းမီးသတ်ဖွဲ့
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024