စစ်တွေမြို့၌ ဆန္ဒပြသည့် ရခိုင်ကျောင်းသားခေါင်းဆောင် ၄ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)
DVB
·
October 19, 2020
ရခိုင်ပြည်နယ်၊မှာ အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြတဲ့ ရခိုင်တက္ကသိုလ်ကျောင်းသားတွေကို ရဲတပ်ဖွဲ့က အင်အားသုံး ဖမ်းဆီးခဲ့ပါတယ်။
ဆန္ဒပြပွဲဦးဆောင်တဲ့ ကျောင်းသားခေါင်းဆောင် ၄ ဦးကို ရဲတပ်ဖွဲ့က ဆန္ဒပြနေစဉ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ရဲက လူစုခွဲလိုက်တာဖြစ်ပါတယ်။
အဆိုပါဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ အဖွဲ့ဝင် ကိုမြတ်စိုးဝင်းနဲ့ ကိုကောင်းထွန်း(ကောင်းကောင်း)တို့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။
"ကိုလိုနီအစိုးရ အလိုမရှိ''၊ ''နယ်ချဲ့ စစ်တပ် အလိုမရှိ''၊'' No Bloody Government,'' '' No Muder Army၊'' ''ဖက်ဆစ် စစ်တပ် အလိုမရှိ''၊ ''Burmese Government Get Out''၊ ''Burmese Army Get Out''၊ ''ရခိုင်သည် ကျွန် မဟုတ်''စတာတွေကို ကြွေးကြော်တောင်းဆိုခဲ့ပါတယ်။
PHOTO- Kaung Mrat Naing / MPA