Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်၌ တစညပါတီ၏ မဲဆွယ်စည်းရုံးရေးယာဉ် နှောင့်ယှက်ခံရ 
DVB
·
October 19, 2020
122000196_3401058213366505_5076653422123587332_n
121966249_3401058303366496_704633843253299528_n
121754986_3401058176699842_8963345769306862188_n
121669839_3401058263366500_7156470290848053484_n
121643300_3401058123366514_9131704695878541020_n
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ပဲနံသာအုပ်စု၊ သပြေရိုးရွာအဝင်မှာ  အောက်တိုဘာ ၁၈ ရက် ညနေက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အောင်နိုင်ရေး မဲဆွယ်စည်းရုံး ထွက်လာတဲ့ ကားကို မှန်ကွဲအောင် ခဲနဲ့ပေါက် တုတ်နဲ့ရိုက်ခဲ့သူ ၁ ဦးကို နယ်မြေ ရဲစခန်းက မှုဖွင့်ထားပါတယ်။ ရွှေတောင်ရွာ ရဲစခန်းစခန်းမှူး ရဲအုပ်ယဉ်ထွေးက “တစညပါတီ အောင်နိုင်ရေးကား ၂ စီး လာတာ။ ရှေ့ဆုံးကားကို တုတ်နဲ့ရိုက် ခဲနဲ့ပေါက် လုပ်တယ်၊ ကားလေကာမှန် ကွဲသွားတယ်။ ၅ သိန်း လောက်တန်ပါတယ်။ အမှုဖွင့်ထားလို့ ရဲက သွားခေါ်တာတောင် ရန်မူသေးတယ်”လို့ ပြောပါတယ်။ တစညပါတီက လိုက်ထရပ်ကား ၂ စီးနဲ့ ကားဘေးမှာ ကိုယ်စားလှယ်လောင်းတွေပါတဲ့ ဗီနိုင်း ကပ်ပြီး အောင်နိုင်ရေးလုပ်ဆောင်နေတာပါ။ အောင်သာရွာဘက်က သပြေရိုးရွာဘက်အလာ ရွာအဝင်မှာ သပြေရိုးရွာသား ကိုအောင်ကျော်က တစညပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်ကို မောင်းလာ တဲ့ လိုက်ထရပ်ကား ရှေ့လေကာမှန်ကို တုတ်နဲ့ရိုက် ခံနဲ့ပေါက် လုပ်တာကြောင့် ကားမှန်ကွဲအက်သွားခဲ့ပါတယ်။ တစညပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်ကိုက “အောင်နိုင်ရေး လုပ်နေတာ ရွာအဝင်မှာ ဖြစ်သွားတယ်။ ဘာလို့ လုပ်တယ် ဘာရည်ရွယ်ချက် ဆိုတာတော့ မသိဘူး။ ကားနောက်ဆုတ်ပြီး တခြားလမ်းက ပြန်လာခဲ့တာ”လို့ ပြောပါတယ်။ ဦးမောင်ကိုက တရားလိုလုပ်ပြီး ကိုအောင်ကျော်ကို ရွှေတောင်ရွာရဲစခန်းမှာ ခဲနဲ့ပေါက်မှု၊ ဆဲဆိုမှု၊ အကျိုးစီးပွား ဖျက်ဆီးမှု ရာဇသတ်ကြီးပုဒ်မ ၃၃၆ ၊ ၂၉၄၊ ၄၂၇ တို့နဲ့  အမှုဖွင့်ထားပါတယ်။ သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024