မြစ်ကြီးနားတွင် ဘဏ်ဝန်ထမ်း ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၇ ဦးတွေ့ရှိ
DVB
·
October 18, 2020
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အောက်တိုဘာ ၁၈ ရက်နေ့ တရက်တည်း ဘဏ်ဝန်ထမ်း အမျိုးသမီး ၁ ဦးအပါအဝင် စုစုပေါင်း ၇ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့ကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတစ်ခုက ယာဉ်မောင်းဖြစ်သူက လွန်ခဲ့တဲ့ ၁၀ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ကားဂိတ်က တာဝန်ရှိသူနဲ့ ဇနီးဖြစ်သူ ဘဏ်ဝန်ထမ်းအမျိုးသမီးတို့ အနံ့ပျောက်သွားတာကြောင့် အောက်တိုဘာ ၁၈ ရက်နေ့မှာ သူတို့နှစ်ဦးအပါအဝင် မိသားစုဝင်တွေနဲ့ အလုပ်သမားတွေကို စစ်ဆေးရာမှာ ပိုးတွေ့ရှိခဲ့တာလို့ မြစ်ကြီးနားမြို့ တပ်ကုန်း အုပ်ချုပ်ရေးမှူး ဦးဘောက်နော်က ပြောပါတယ်။
ပိုးတွေ့လူနာအားလုံးကို မြစ်ကြီးနား ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူစေမယ်လို့ သိရပါတယ်။
ဒါ့အပြင် မြစ်ကြီးနားမြို့က ယာဉ်လိုင်းတချို့နဲ့ ပိုးတွေ့ရှိတဲ့မိသားစုဝင်တွေရဲ့ နေအိမ်တွေကိုလည်း အသွားအလာ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့အထိ မြစ်ကြီးနားတစ်မြို့လုံးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃ ယောက်ရှိနေပြီး အဲဒီထဲက ၃ ဦးက ပြန်လည်သက်သာလာပြီဖြစ်လို့ ဆေးရုံက ဆင်းသွားပြီဖြစ်ပါတယ်။
မီးမီး