သထုံတွင် တိုင်းရင်းသားပါတီ ၃ ခုက ဝန်းရံသူများ ပူးပေါင်းအင်အားပြလှည့်လည် (ဓာတ်ပုံ)
DVB
·
October 18, 2020
မွန်ပြည်နယ်၊ သထုံမြို့မှာ တိုင်းရင်းသားနိုင်ငံရေးပါတီ ၃ ခုက ဝန်းရံသူတွေ ပူးပေါင်းပြီး အောက်တိုဘာ ၁၈ ရက်နေ့က အင်အားပြလှည့်လည်ခဲ့ကြပါတယ်။
အင်းအာပြလှည့်လည်ပွဲကိုတော့ မွန်ညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့က ဝန်းရံသူ ထောင်နဲ့ချီ လှည့်လည်ခဲ့တာ ဖြစ်ပါတယ်။
သထုံမြို့နယ်မှာတော့ မွန်ညီညွတ်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတဲ့ မြို့နယ်တစ်ခု ဖြစ်ပေမယ့် အင်းအားပြလှည့်လည်ရာမှာ မွန်ညီညွတ်ရေးပါတီ ဝန်းရံသူတွေက လာရောက် ပူးပေါင်းခဲ့တာပါ။
ဒီမဲဆန္ဒနယ်မှာတော့ ကရင်ပြည်သူ့ပါတီနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ တို့ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ အဲလို ဝင်ရောက် ယှဉ်ပြိုင်ရာမှာ မွန်ညီညွတ်ရေးပါတီက ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိတဲ့အတွက်ကြောင့် မွန်တိုင်းရင်သားတွေ ကရင်နဲ့ ပအိုဝ်းပါတီတွေကို မဲထည့်ဖို့ မွန်အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။
ဒါအပြင် ကရင်နဲ့ ပအိုဝ်း ဝင်မပြိုင်တဲ့ နယ်မြေတွေမှာလည်း မွန်ညီညွတ်ရေးပါတီကို မဲထည့်ပေးကြဖို့ ကရင်နဲ့ ပအိုဝ်း လူငယ်ကွန်ရက်တွေက အပြန်အလှန် တိုက်တွန်းထားကြပါတယ်။