ကွမ်းခြံကုန်းက ကိုဗစ်-၁၉ လူနာ ၉ လအရွယ် ကလေးငယ် ဆေးရုံဆင်း
DVB
·
October 18, 2020
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်က ကိုဗစ်-၁၉ လူနာ ၉ လအရွယ် ကလေးငယ်ဟာ ရောဂါပျောက်ကင်းပြီး ဆေးရုံဆင်းခွင့် ရရှိခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
အောင်မြင့်မိုရ် ကုသရေးစင်တာမှာ ဆေးကုသမှုခံယူခဲ့ပြီး ဓာတ်ခွဲနမူနာယူတဲ့ ရက်ကနေ ၁၁ ရက်ပြည့်ပြီး ဆေးရုံဆင်းခွင့်ရတာလို့ မြို့နယ်ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁) ဦးဝေယံစိုးဝင်းက ပြောပါတယ်။
ကလေးငယ်ဟာ ကွမ်းခြံကုန်းမြို့၊ တောင်ဘက်ပိုင်းရပ်ကွက်က စိတ္တသုခလမ်းမှာ နေထိုင်သူဖြစ်ပြီး အတူနေ ဦးလေးဆီကတဆင့် ကူးဆက်ခံခဲ့ရတာလို့ ဆိုပါတယ်။
လက်ရှိမှာ ကလေးငယ်က ကျန်းမာရေးကောင်းမွန်ပြီး Home Quarantine ၇ ရက် ဆက်နေရမယ်လို့ သိရပါတယ်။
သတင်း - လွင်မိုးအောင်၊ ဓာတ်ပုံ - သဒ္ဒါဖြူလူမှုကူညီရေး