Home
သတင်းဓာတ်ပုံ
ကိုဗစ်ကို အန်တုနေတဲ့ အခြေခံလူတန်းစားများ (ဓာတ်ပုံ)
DVB
·
October 17, 2020
DSC07966
DSC07798
DSC07796
DSC07795
DSC07791
DSC07787
DSC07786
DSC07703
DSC07701
DSC07697
DSC07598
အခုကိုဗစ်ကာလတွင်း အလွှာအသီးသီး ထိခိုက်မှုများရှိနေပေမဲ့ အခြေခံ လက်လုပ်လက်စားတွေကတော့ စားဝတ်နေရေးအတွက် အခက်အခဲတွေ ရှိလာပြီး ပိုမိုရုန်းကန်လှုပ်ရှားနေကြရပါတယ်။ အခြေခံလူတန်းစားအများအပြားရှိတဲ့ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တွေဟာ stay home ကာလ တိတ်ဆိတ်ခြောက်ကပ်သွားခဲ့သလို အလုပ်ရုံ စက်ရုံတချို့လည်း ပိတ်သွားခဲ့ရပါတယ်။  အဲဒီလို ခြောက်ကပ်သွားမှုနဲ့အတူ လူအများအပေါ် မှီတည်ပြီး ဝမ်းစာရှာဖွေနေသူတွေရဲ့ ဝင်ငွေဟာလည်း မရှိသလောက် နည်းပါးသွားခဲ့ရပါတယ်။ Stay Home ကာလ ဆင်ခြေဖုံးရပ်ကွက်ရှိ အခြေခံလူတန်းစားတွေကို လာရောက်လှူဒါန်းမှုတွေ ရှိနေလို့ ကိုဗစ်ကပ်ရောဂါကို ခေတ္တရင်ဆိုင်နိုင်ပေမဲ့ ရေရှည် နေထိုင်စားသောက်ဖို့အတွက် ရင်လေးနေကြပါတယ်။ ပိုက်ဆံ တစ်သောင်းဖိုးလောက်ရှိတဲ့ ဆန်၊ ဆီ၊ ပဲ၊ အာလူးတို့ဟာ အခြေခံလူတန်းစားတို့အတွက် တပတ်စားစရိတ်ရှိတယ်လို့ ကူညီထောက်ပံ့ပေးနေသူတွေက ဆိုပါတယ်။ အိမ်ငှားနေထိုင်သူတွေဟာ အိမ်ငှားခစရိတ်ကို ရေရှည်မှာ မပေးနိုင်တဲ့အတွက် နေရေးအတွက်ပါ ပိုမိုပူပန်မှုတွေ ရှိလာနေကြတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ရှိ ကိုဗစ်ကာလအတွင်း နည်းမျိုးစုံနဲ့ အန်တုနေကြတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကူညီပေးနိုင်မှုတွေ လိုအပ်နေကြောင်း တင်ပြလိုက်ရပါတယ်။ Photo - Ye Myo Khant/MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024