ကိုဗစ်လူနာသစ် ၁,၀၂၅ ဦးတွင် ရန်ကုန်က ၇၅၈ ဦး ပါဝင်၊ ကယားက ၁ ဦး ပထမဆုံး တွေ့ရှိ
DVB
·
October 16, 2020
မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၀၂၅ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၇၅၈ ယောက် ပါဝင်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မြောက်ဥက္ကလာပမြို့နယ်က ၈၅ ယောက်၊ စမ်းချောင်းမြို့နယ်က ၅၉ ယောက်၊ လှိုင်မြို့နယ်က ၄၃ ယောက်စီနဲ့ အများဆုံး ဖြစ်ပြီး စုစုပေါင်း မြို့နယ် ၃၉ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၀ ခုမှာ ၃၁ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၉ ခုမှာ ၂၈ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၄ ခုမှာ အယောက် ၉၀၊ ဧရာဝတီတိုင်းမြို့နယ် ၄ ခုမှာ ၄ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၇ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၄ ခုမှာ ၆၁ ယောက်၊ နေပြည်တော်မြို့နယ် ၂ ခုမှာ ၂ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၄ ခုမှာ ၈ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၃ ခုမှာ ၁၁ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၀ ယောက်၊ ချင်းပြည်နယ်မြို့နယ် ၃ ခုမှာ ၇ ယောက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ် ၁ ခုမှာ ၁ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၅ ယောက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ် ၁ ခုမှာ ၁ ယောက်နဲ့ ကယားပြည်နယ်မြို့နယ် ၁ ခုမှာ ၁ ယောက် အသီးသီး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာတွေထဲမှာ အနံ့မရရှိသူ ၁၇၄ ယောက် ပါဝင်နေပြီး မနေ့ကည ၈ နာရီမှာ ထုတ်ပြန်တဲ့ ဓာတ်ခွဲအတည်ပြုလူနာ ၁,၀၂၆ ယောက်စာ ရင်းထဲက ၁ ယောက်က ဒုတိယအကြိမ် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးတာ ဖြစ်တဲ့အတွက် အောက်တိုဘာ ၁၅ ထိ ဓာတ်ခွဲအတည်ပြုလူနာ ၁,၀၂၅ ယောက်ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာ ၃၂,၃၅၁ ယောက်၊ သေဆုံးသူ ၇၆၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၄,၇၀၆ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါ တယ်။
ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၉ သန်း ကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၉ ဒသမ ၄ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။