Home
မြန်မာသတင်း
မင်းလှမြို့နယ် ကျေးရွာ ၃ ရွာတွင် လျှပ်စစ်မီးဖြန့်ဖြူးရန် ကြန့်ကြာနေမှု ဒေသခံများ တိုင်ကြား
DVB
·
October 15, 2020
121151390_2912241792341802_2978255243594601493_o
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၃ ကို လျှပ်စစ်မီး ဖြန့်ဖြူးဖို့ ဆောင်ရွက်နေတဲ့ ကုမ္ပဏီနဲ့ မင်းလှမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးက လုပ်ငန်းဆောင်ရွက်မှု ကြန့်ကြာနေတဲ့အတွက် ဒေသခံတွေက သက်ဆိုင်ရာ ဌာနတွေကို တိုင်ကြားစာပေးပို့ထားပါတယ်။ အဆိုပါကျေးရွာတွေကို မီးလင်းဖို့အတွက် ၂၀၁၆ ခုနှစ်ကတည်းက ဒေသခံတွေက စရံငွေပေးပြီး ဆောင်ရွက်ခဲ့တာဖြစ်သလို ၂၀၁၈ ခုနှစ်မှာတော့ မီးလင်းဖို့ ငွေအကြေ ပေးခဲ့ကြပေမယ့် အခုချိန်ထိ မီးမလင်းသေးတဲ့အတွက် ကျေးရွာ မီးလင်းရေးကော်မတီက တိုင်တန်းခဲ့တာလို့ ကော်မတီဝင် ဦးမြင့်အောင်က ပြောပါတယ်။  ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး လာတဲ့အချိန် ဒေသခံတွေက တင်ပြခဲ့ရာမှာတော့ ကုမ္ပဏီတာဝန်ရှိသူက ရက်ပိုင်းအတွင်း အပြီးဆောင်ရွက်ပေးမယ်လို့ ပြောကြားခဲ့ပေမယ့် ဒီနေ့အထိ မထူးသေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။   ခုလို တိုင်ကြားထားတဲ့ ပတ်သက်ပြီး မင်းလှလျှစ်စစ်ဦးစီးမှူး ဦးဇော်ဇော်ဦးက  ကုမ္ပဏီလုပ်ငန်းတည်ဆောက်နေတာ လုပ်ငန်းအနည်းငယ်ကျန်‌‌နေပြီး ဌာနကို မအပ်သေးတဲ့အတွက် လုပ်ရမယ့် လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်လို့ မရသေးကြောင်း၊ ကုမ္ပဏီကို လုပ်ငန်းတွေ အမြန်ပြီးအောင်လုပ်ဖို့ပြောထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ ကုမ္ပဏီဘက်ကို ဆက်သွယ် မေးမြန်းရာမှာတော့ ကုမ္ပဏီက ဆောင်ရွက်ရမယ့် လုပ်ငန်း အနည်းငယ်ပဲ ကျန်ရှိတော့တာဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်မှု ပိုမို ပြင်းထန်လာတဲ့အတွက် လုပ်သားအင်အား အခက်ခဲဖြစ်တာကြောင့် ကြန့်ကြာနေတာဖြစ်ပြီး ရက်ပိုင်းအတွင်း ဆောင်ရွက်ပေးသွားမယ်လို့ HDLT ကုမ္ပဏီက ပြောပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024