Home
မြန်မာသတင်း
လယ်ဝေးမြို့နယ်တွင်  ကြံ့ခိုင်ရေးဝန်းရံသူများ လှည့်လည်အင်အားပြ
DVB
·
October 14, 2020
121545003_3420664598021215_5265662841212491220_o
121207083_3420664571354551_4799049342700926688_o
121198372_3420664458021229_7813498599494859958_o
121178400_3420664708021204_1587585067381468257_o
121175420_3420664524687889_4402659740880376052_o
121133938_3420664478021227_1420637778548442192_o
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝန်းရံသူ အများအပြားဟာ ဒီနေ့ အောက်တိုဘာ ၁၄ ရက်မနက်ပိုင်းက လှည့်လည်အင်အားပြခဲ့ကြပါတယ်။ လယ်ဝေးမြို့နယ်အတွင်းက ကျေးရွာတွေ အထူးသဖြင့် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က ရွာတွေဆီကို အဓိက လှည့်လည်ခဲ့တာဖြစ်ပြီး ကြံ့ခိုင်ရေးအားပေးသူ အများအပြား ဝန်းရံလိုက်ပါခဲ့ကြတာပါ။ လယ်ဝေးမြို့နယ်အပါအဝင် မြန်မာနိုင်ငံတဝန်းမှာ  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်နေတဲ့ကာလ လူ ၃၀ ထက်ပိုပြီး လူစုလူဝေးမလုပ်ဖို့နဲ့ မဲဆွယ်စည်းရုံးရာမှာ လူ ၅၀ ထက်မပိုစေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လယ်ဝေးမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်း ဦးဌေးဝင်းနဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၁၂ အတွက် ဒေါ်ဝင်းဝင်းသီတို့က ဝင်ပြိုင်မှာ  ဖြစ်ပါတယ်။ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီကတော့ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကိုယ်စားလှယ်လောင်း  ဦးမျိုးဇော်ဦးနဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် ဦးကျော်မြင့်ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းကတော့ အဆိုပါမဲဆန္ဒနယ် နှစ်ခုလုံးကို အန်အယ်လ်ဒီပါတီက အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024