ရေးမြို့နယ်၌ မွန်ညီညွတ်ရေးပါတီ ထောက်ခံသူများ လှည့်လည်အင်အားပြ
DVB
·
October 13, 2020
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အောက်တိုဘာ ၁၃ ရက် မနက်က မွန်ညီညွတ်ရေးပါတီ ဝန်းရံထောက်ခံသူ ထောင်နဲ့ချီပြီး လှည့်လည်အင်အားပြကြပါတယ်။
မွန်ညီညွတ်ရေးပါတီ ရေးမြို့နယ် ရုံးကနေ စတင်ထွက်ခွာပြီးတော့ မြို့တွင်းနဲ့ အစင်၊ ဇီးဖြူသောင်၊ ကလော့၊ ဟံဂံ စတဲ့ ကျေးရွာတွေကို ဆိုင်ကယ်တွေ ကားတွေနဲ့ အင်အားပြ လှည့်လည်ခဲ့တာပါ။
ဒေသခံ မွန်ညီညွတ်ရေးပါတီ ထောက်ခံသူတစ်ဦးက “အန်အယ်လ်ဒီ အစိုးရတက်လာပြီး ၅ နှစ်သက်တမ်းမှာ ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းမှာ တိုင်းရင်းသားတွေရဲ့ အပေါ် ကိုယ်စားပြုတာ၊ လုပ်ဆောင်ချက်တွေ အားရကျေနပ်မှုတွေ မရှိဘူး။ အခုလာမယ့် ရွေးကောက်ပွဲမှာ မွန်ပါတီတွေ အားလုံးပေါင်း စည်းသွားတော့ ရာခိုင်နှုန်းပြည့် မဲရနိုင်မည်လို့ ယုံကြည်တယ်” လို့ ပြောပါတယ်။
ရေးမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီက အမျိုးသမီး ကိုယ်စားလှယ်လောင်း တစ်ဦး အပါအဝင် နိုင်ငံရေးပါတီ ၇ ပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
သတင်း - နေမျိုးထွဋ် (ရေး)