ပူတာအိုမြို့တွင် ဒူ;လေးပါတီ ၀န်းရံသူများ အင်အားပြလှည့်လည်
DVB
·
October 11, 2020
ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) အောင်နိုင်ရေးအတွက် အောက်တိုဘာ ၁၀ ရက်နေ့က ပါတီ၀င်လူငယ်တွေနဲ့ ၀န်းရံသူတွေ ရာနဲ့ချီ ကား၊ မော်တော်ဆိုင်ကယ်တွေနဲ့ အင်အားပြ လှည့်လည်ခဲ့ကြတယ်လို့ ပါတီတာ၀န်ရှိသူတဦးက ပြောပါတယ်။
ခုလို အင်အားပြ လှည့်လည်တာက ပူတာအိုခရိုင်မှာ ယှဉ်ပြိုင်သွားမယ့် ကိုယ်စားလှယ်လောင်းတွေ အောင်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ပူတာအိုမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလီပေါ်ရဲ့ က ပြောပါတယ်။
လာမဲ့ နိုင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒူးလေးပါတီက ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ ဒေသခံပြည်သူတွေရဲ့ဆန္ဒနဲ့ ရွေးချယ်ထားတာလို့ ဆိုပါတယ်။
တိုင်းရင်းသား အခွင့်အရေးများ အပြည့်အဝ ရရှိရေးအတွက် ရွေးကောက်ပွဲ ဝင်ပြိုင်ရတာဖြစ်ပြီး ပြည်သူတွေကို အဓိကခြောက်လန့်နေတဲ့ မူးယစ်ဆေးဝါးကဏ္ဍ တိုက်ဖျက်နိုင်အောင် ကြိုးစားသွားမယ်လို့လည်း ဦးလီပေါ်ရဲ့က ဆိုပါတယ်။
ဒူးလေးပါတီကို ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ၂၇ နေရာ ယှဉ်ပြိုင်ရာမှာ ၅ နေရာ အနိုင်ရရှိကာ အခုနှစ်မှာလည်း တိုင်းနဲ့ ပြည်နယ် ၃ ခုမှာ ၂၉ နေရာ ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
သတင်း - ဖေနောင်းအောင် (ပူတာအို)၊ ဓာတ်ပုံ - ကိုအားယော်