အင်္ဂပူတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထောက်ခံသူများ လှည့်လည်အင်အားပြ
DVB
·
October 10, 2020
အင်္ဂပူမြို့နယ်မှာ အောက်တိုဘာလ ၁ဝ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ထောက်ခံတဲ့ ပြည်သူတွေက ဆိုင်ကယ်၊ ကား စတာတွေနဲ့ စီတန်းလှည့်လည်အင်အားပြခဲကြပါတယ်။
မြို့နယ်တွင်းရှိ ထူးကြီး၊ မဲဇလီကုန်း၊ အင်္ဂပူ၊ ကွင်းကောက် စတဲ့ဒေတွေကို လှည့်လည်ခဲကြတာလို့ သိရပါတယ်။
အင်္ဂပူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှု့ဆောင် ဦးစိုးမိုးကျော်က "ခုအင်းပြတာ အများစုက ပြည်သူတွေဖြစ်ပါတယ်။ ဒေသအလိုက်က အင်အားတွေစုပေါင်းလာကြတာပါ။ အင်အားကတော့ များပါတယ်၊ အတိအကျတော့မသိနိုင်ဘူးပေါ့။ နေရာအတော်များများကို လှည့်မှာပါ” လို့ ပြောပါတယ်။
လှည့်လည်အင်အားပြရာမှာ ယာဉ်တစီး တိမ်းမှောက်ခဲ့တာကြောင့် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး မဲဇလီကုန်း ဆေးရုံ ၁ ဦးနဲ့ ဟင်္သာတ ပြည်သူ့ဆေးရုံကို ၃ ဦးပို့ဆောင်ကုသထားကာ ဒဏ်ရာရသူတွေ အခြေအနေ မစိုးရိမ်ရဘူးလို့ အင်္ဂပူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတဦးက ပြောပါတယ်။
မြို့နယ်တွင်းမှာ ဝင်ရောက်ယှဥ်ပြိုင်မဲ့ ပါတီတွေအနေနဲ့ ခုလက်ရှိ ကိုဗစ် ၁၉ ကာလအတွင်း ထိန်းထိန်းသိမ်းသိမ်း မဲဆွယ်အင်းအားပြဖို့ မေတ္တာရပ်ခံစာတွေ ပို့ထားပါတယ်လို့ အင်္ဂပူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူ ဦးမောင်မောင်စိုးက ပြောကြားထားပါတယ်။
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ အောက်တိုဘာ ၈ ရက်နေ့ကလည်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံတဲ့ ပြည်သူတွေနဲ့ ပါတီဝင်တွေစုပေါင်းပြီး မြို့နယ်တွင်းမှာ လှည့်လည်အင်အားပြခဲ့ကြပါတယ်။
အင်္ဂပူမြို့နယ်မှာ ပါတီ ၆ ခုက ဝင်ရောက်ပီယှဥ်ပြိုင်မှာဖြစ်ပါတယ်။ အင်္ဂပူမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး မဲဆန္ဒနယ်မှာ ယခင်ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်နဲ့ အခုလက်ရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ခိုင်တို့လည်း ဝင်ရောက်ယှဥ်ပြိုင်မှာပါ။
သတင်း- သန်းထိုက်မြင့်