Home
သတင်းဓာတ်ပုံ
နွားထိုးကြီးမြို့နယ်၌ အန်အယ်လ်ဒီပါတီ ဝန်းရံထောက်ခံသူများ အင်အားပြ (ဓာတ်ပုံ) 
DVB
·
October 9, 2020
IMG_0928
IMG_0919
IMG_0906
IMG_0888
IMG_0862
IMG_0855
IMG_0840
IMG_0836
IMG_0830
IMG_0826
IMG_0807
IMG_0806
IMG_0790
IMG_0754
IMG_0744
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ  ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အန်အယ်လ်ဒီပါတီ ဝန်းရံထောက်ခံသူတွေက ဆိုင်ကယ်၊ ကားနဲ့ ထော်လာဂျီယာဉ်တွေနဲ့  အောက်တိုဘာ ၉ ရက်က မြို့နယ်အတွင်း အင်အားပြ လှည့်လည်ခဲ့ကြပါတယ်။ ဒီကနေ့ နွားထိုးကြီးမြို့မှာ ကျင်းပမယ့်  အန်အယ်လ်ဒီ ပါတီအောင်နိုင်ရေး ယာဉ်တန်း လှည့်လည်ပွဲမှာ  ပါဝင်အားဖြည့်ဖို့သွားတဲ့ လိုက်ထရပ်ကားတစ်စီးကတော့ မတော်တဆ တိမ်းမှောက်ခဲ့လို့ လူ ၉ ဦးဒဏ်ရာရ ရှိတယ်လို့ နွားထိုးကြီးဆေးရုံက သိရပါတယ်။ နွားထိုးကြီးမြို့နယ် ကန်နားအုပ်စု ထန်းတောကုန်ကျေးရွာမှ ယာဉ်မောင်းကို ဇော်လင်း (၃၄)နှစ်မောင်းနှင်လာတဲ့ လိုက်ထရပ်ကား အဖြူရောင်ဟာ မြင်းခြံ-မန္တလေးလမ်း ဖက်ခူးရွာ အနောက်ဘက်မှာ  ရှေ့ဘီးပေါက်ရာက အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာပါ။ ယာဉ်မှောက်မှုကြောင့် ၉ ဦးဒဏ်ရာရရှိပြီး ၄ ဦးမှာ မန္တလေးဆေးရုံလွှဲပြောင်းပို့ရပြီး ၅ ဦးမှာ နွားထိုးကြီးဆေးရုံတက်ရောက်ကုသနေတယ်လို့ နွားထိုးကြီးမြို့နယ်ဆေးရုံက သိရပါတယ်။ ယာဉ်မောင်းကိုတော့ မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပြီး အမှုစစ် ဒုရဲအုပ် မြနန်းစံထက်က စစ်ဆေးနေပါတယ်။ သတင်း- ဇာဇာမောင်(CJ)၊ ဓာတ်ပုံ- Myat Thu / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024