Home
မြန်မာသတင်း
ချောက်မြို့ ကွာရန်တင်းစခန်း၌ အမျိုးသား ၁ ဦး ဆွဲကြိုးချသေဆုံး 
DVB
·
October 9, 2020
120949441_2783344428575631_1442565196582245999_o
မကွေးတိုင်း၊ ချောက်မြို့၊ အမှတ် ၁၄ ရပ်ကွက်ရှိ ယာတော ကွာရန်တင်းစခန်းမှာ အောက်တိုဘာ ၈ ရက် နေ့ခင်းပိုင်းက အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးသွားတယ်လို့  ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိ အဲဒီမျိုးသားဟာ စက်တင်ဘာ ၂၉ ရက်နေ့က ရပ်ကွက်ကနေ ရက်အတော်ကြာ ပျောက်သွားပြီးနောက် ထောက်ခံစာမပြနိုင်ဘဲ ပြန်လည်ရောက်ရှိခဲ့တာကြောင့်  ကွာရန်တင်းစခန်းမှာ နေထိုင်ခဲ့ရတာလို့ အမှတ်၁၄  ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးငြိမ်းစိုးက ပြောပါတယ်။ “သူက ကျောက်ပန်းတောင်ဘက်က ပြန်လာတယ်ပြောတာ။ ဒါပေမဲ့ အထောက်အထားလည်း ပါမလာဘူး။ ရပ်ကွက်ထဲထားဖို့လည်း မဖြစ်၊ မြို့နယ် ကွာရန်တင်း လုပ်တဲ့နေရာ ပို့မယ်ဆိုတော့လည်း ရပ်မိရပ်ဖနဲ့ မိဘတွေက နီးနီးနားနား ဒီလူမနေတော့တဲ့ အိမ်ကြီးမှာ ထားရင်အဆင်ပြေတယ်ဆိုပြီး ထားလိုက်တာ။” ချောက်မြို့မရဲစခန်း စခန်းမှူးက “တစ်ယောက်တည်း နေရတဲ့အချိန်မှာ အခုလိုဖြစ်သွားတာ။ ဘာကြောင့်ဆိုတာတော့ ဆေးရုံကိုပို့ပြီး စစ်ဆေးနေတယ်” လို့ ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ချောက်မြို့မရဲစခန်းမှာ  သေမှုသေခင်းဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024