Home
မြန်မာသတင်း
မကွေးလေတပ်စခန်းက တပ်မတော် တိုက်လေယာဉ် ၁ စီးပြေးလမ်းချော် 
DVB
·
October 7, 2020
120805243_2434641956837251_717421811033315935_o
120781868_2434642103503903_234288395658587621_o
120767662_2434643486837098_5545163672159590761_o
120801130_2434641883503925_7799740941936520021_o
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ တောင်တွင်းလမ်း လေတပ်စခန်းဝင်း ခြံစည်းရိုးအစပ်မှာ MIG 29  တိုက်လေယာဉ်တစ်စီး  ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရပါတယ်။ အောက်တိုဘာ ၆ ရက်က နေ့လည်ပိုင်းက လေယာဉ်ပြန်ဆင်းတဲ့အချိန်မှာ လေထီးမပွင့်တဲ့အတွက် အရှိန်လွန်ပြီး ပြေးလမ်းချော်သွားတာဖြစ်တယ်လို့  မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောပါတယ်။  " လေယာဉ် ပြန်ဆင်းတဲ့အချိန်မှာနောက်က လေထီးမပွင့်တဲ့အတွက် အရှိန်မထိမ်းနိုင်ဘဲ ပြေးလမ်းကို ချော်ပြီးတော့ မီးရထားလမ်းဘက်ကို ရောက်သွားတာ”လို့ ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါလေယာဉ်ဟာ MIG 29 အမျိုးစားဖြစ်ပြီး လေယာဉ်အမှတ် ၂၇၂၀ လေ့ကျင့်ရေး တိုက်လေယာဉ်ဖြစ်ကာ ဗိုလ်ကြီးအဆင့်ရှိသူ အရာရှိတစ်ဦးက မောင်းနှင်လာတာဖြစ်ပါတယ်။ တိုက်လေယာဉ်မှူးကတော့ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိပဲ အဆိုပါလေယာဉ်ကိုတော့ ဆွဲယူသွားပြီး မကွေး လေတပ်စခန်း ဌာနချုပ်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း မင်းဘူးစကုမြို့နယ်ထဲမှာ တိုက်လေယာဉ် ၂ စီးပျက်ကျပြီး  မြေပြင်ပေါ်က ပဉ္စမတန်းကျောင်းသူတစ်ဦး သေဆုံးခဲ့ဖူးပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024