မကွေးလေတပ်စခန်းမှာ ဒီဇင်ဘာ ၆ ရက်နေ့မနက်ပိုင်းက တိုက်လေယာဥ်တွေ ဆက်တိုက် ပျံတက်ပြီး ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မကွေးလေတပ်စခန်းဌာနချုပ်မှာ ဒီကနေ့မနက် ၇ နာရီကျော်လောက်က ပစ်ခတ်သံ အချက် ၃ေ လောက်ကြားရပြီး တိုက်လေယာဥ်တွေလည်း ဆက်တိုက်ပျံတက်နေတယ်လို့ လေတပ်စခန်းနဲ့ နီးစပ်တဲ့ ဒေသခံတစ်ယောက်က DVB ကို ပြောပါတယ်။
“လေတပ်ထဲက ပစ်ခတ်သံ အချက် ၃၀ လောက်ကြားရတယ်။ ကျနော်တို့ အိမ်နဲ့က နီးနီလေးဆိုတော့ ကြောက်နေကြတာ။ လေတပ်နားက ပြည်သူလူထုတွေလည်း အထိတ်တလန့် ဖြစ်နေကြတယ်။ အဲဒီလေတပ်က တိုက်လေယာဥ်တွေ မကြာခဏပျက်ကျလို့ ပြည်သူတွေအသက် ဆုံးရှုံးတာတွေရှိသလို အဆောက်အဦတွေ ထိခိုက်ပျက်စီးတဲ့ ဖြစ်စဥ်တွေလည်းရှိတယ်။”
ဒီဇင်ဘာ ၅ ရက်နေ့ကလည်း တိုက်လေယာဥ်တွေ ၆ စီးလောက် ပျံတက်ပြီး မကွေးမြို့ပေါ်ကနေ ဝဲနေပြီး ၂ နာရီခြား တစ်ခါလောက် ဆက်တိုက် အတက်အဆင်းပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီလေတပ်စခန်းကို သြဂုတ် ၈ ရက်နေ့ကလည်း ဗိဿနိုး PDF နဲ့ ညီနောင်မဟာမိတ်တွေ ပူးပေါင်းပြီး လက်နက်သိုလ်လှောင်ရုံကို ဗုံးခွဲတိုက်ခိုက်ခဲ့သလို ဧပြီ ၂၉ ရက်နေ့ကလည်း မကွေး ပြည်သူတော်လှန်ရေးအင်အားစု PRA က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။