မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာပေါင်း ၂၀,၀၀၀ ကျော်အထိရှိလာ
DVB
·
October 6, 2020
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ် ၁၂၅၂ ယောက်နဲ့ သေဆုံးသူ ၂၇ ယောက် ထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၂၀,၀၃၃ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက် ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၅ ရက်နေ့ ည ၈ နာရီကနေ ၆ ရက်နေ့ ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၀,၀၇၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁၂၅၂ ယောက် တွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၂၀,၀၃၃ ယောက် ၊ သေဆုံးသူ ၄၇၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၇၈၂ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။