Music Zone KTV ဆိုင်ပိုင်ရှင်နှင့် မန်နေဂျာတို့ကို ချုပ်ရက် ရမန်ယူ
DVB
·
October 6, 2020
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ တရားစွဲခံထားရတဲ့ Music Zone KTV ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာတို့ကို အောက်တိုဘာ ၅ ရက် မနက်ပိုင်းက ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ချုပ်ရက် ရမန်ယူခဲ့ပါတယ်။
Music Zone KTV ဆိုင်ပိုင်ရှင် ဦးဇော်မင်းနဲ့ ဆိုင်မန်နေဂျာဦးမိုးဇော်တို့ကို သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးက တရားလိုပြုလုပ် တရားစွဲဆိုထားဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ရုံးချိန်းကိုတော့ အောက်တိုဘာ ၁၆ ရက်နေ့ ပြန်လည်ချိန်းဆိုထားတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က ပြောပါတယ်။
Music Zone KTV နဲ့စပ်ဆက်ပြီး ပြည်တွင်းမှာ လူပေါင်း ၉၀ ကျော်လောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတာဖြစ်ပြီး စားသောက်ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာတို့ဟာ အောက်တိုဘာ ၃ ရက်က သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တာပါ။
သတင်း- ချမ်းမြေ့မောင်
ဓာတ်ပုံ- Music Zone